နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားကုန်ထုတ်မူ သတိမူ

လူမှုဘဝနယ်ပယ်တွင် အရာရာတွင် ဓာတုပစ္စည်းများနှင့် မကင်းပါ။ အစားအသောက်၊ အဝတ်အထည်သုံးစွဲစရာပစ္စည်းမှ အစ ဓာတုဗေဒဓာတ်သဘောနှင့်မလွတ်ကင်းချေ။ လူမှုပတ်ဝန်း ကျင်တွင် ဓာတုဓာတ်သဘောနှင့်မကင်းသည့်အတွက် သတိပြု ဆင်ခြင်သုံးစွဲသင့်ပေသည်။


ယနေ့စားသောက်နေသောအစားအသောက်များတွင် ဆိုး ဆေးနှင့် အက်ဆစ်မည်မျှပါဝင်သည်ကို သတိပြုကြဖို့လိုပါမည်။ အစားအသောက်တွင် အနံ့၊ အရသာ၊ အရောင်အဆင်း၊ ထုပ်ပိုးမှု တို့မှာ လွန်စွာကောင်းမွန်သော်လည်း ဘေးအန္တရာယ်ရှိ၊ မရှိ သတိထားဆင်ခြင်ရန်လိုအပ်သည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် အများဆုံးလွှမ်းမိုးမှုမှာ ချည်ထည်လုပ်ငန်းသုံးဆိုးဆေးများပင် ဖြစ်သည်ဟု အစားအစာနှင့်ဆေးဝါးဆိုင်ရာစစ်ဆေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။


အစားအသောက်များတွင် အများဆုံးတွေ့ရှိရသည့်ခွင့်မပြု ဆိုးဆေးများမှာ အဝါရောင် (Auramine O) ၊ အနီရောင် (Rho damine ? နှင့် လိမ္မော်ရောင် (Sudan Dyes) ၊  (Orang ။ ) ဆိုးဆေးများဖြစ်ကြသည်။ ချည်ထည်၊ ပိုးထည်များကိုအရောင် ဆိုးသောအဝါရောင် (Auramine O) ဆိုးဆေးကို အစားအသောက် များတွင် ထည့်သွင်းသုံးစွဲခြင်းသည်    လတ်တလော အဆိပ် အတောက်မဖြစ်စေသော်လည်း ရေရှည်တွင် ခန္ဓာကိုယ်ကြီးထွား မှုထိခိုက်စေခြင်း၊ အသည်းနှင့် ကျောက်ကပ်များပျက်စီးခြင်းဖြစ် စေနိုင်သည်။


ခွင့်မပြုဆိုးဆေးအတွေ့များသော အစားစာများမှာ  လက်ဖက်၊ ချင်းနှပ်၊ မျှစ်၊ ပဲကြီးလှော်၊ ပဲနီ၊ ပဲဝါ၊ အသားတု၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ပုစွန်ချဉ်၊ ကြံမဆိုင်၊ ကတက်ချဉ်၊ ပုစွန်ခြောက်၊ စိမ်းစားငါးပိ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဆော့စ်အမျိုးမျိုး၊ သစ်သီး ယိုများ၊ မုန့်မျိုးစုံ (ရောင်စုံဝေဖာ၊ ဇီးထုပ်၊ ဂျယ်လီနှင့် အစပ် ချောင်း) အချိုရည်အမျိုးမျိုးတွင် တွေ့ရှိရသည်။ 


အဆိုပါဆိုးဆေးများနှင့် ဓာတ်ပြုထားသောအစားအသောက် များကိုစားသုံးခြင်းဖြင့် အသည်း၊ ကျောက်ကပ်နှင့် အခြားကင် ဆာရောဂါတို့ဖြစ်စေနိုင်သည်ဟု ဆိုထားသည်။ ချည်ထည်၊ ပိုး ထည်များကိုအရောင်ဆိုးသော အနီရောင်ဆိုးဆေးပါ အစား အသောက်များကိုစားသုံးမိပါက အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်၊ အာရုံကြောထိုင်း မှိုင်းခြင်းစသော လတ်တလောဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။


သို့ဖြစ်ရာ ပြည်သူများကျန်းမာသုခပြည့်ဝရေး အစား အသောက် များသည် အဓိကကျလျက်ရှိရာ ထုတ်လုပ်သူရော၊ စားသုံးသူတို့ပါ အထူးသတိပြုဆင်ခြင်စေချင်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ