နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS ယာဉ်မောင်းများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် YRTC မှ စာရင်းတောင်းခံ

ရန်ကုန်  ဇူလိုင်  ၂၉


ရန်ကုန်မြို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အဓိက ပါဝင်ဆောင်ရွက်နေသော YBS ယာဉ်မောင်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် ဇူလိုင် ၂၉ ရက် နောက်ဆုံးထားကာ သက်ဆိုင် ရာ ကုမ္ပဏီများသို့ စာရင်းတောင်းခံ ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။


"ကျွန်တော်တို့ YRTC ဝန်ထမ်းတွေ မှာကတော့ အများစုက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြပြီ။ မထိုးရ သေးတဲ့ ဝန်ထမ်း ၁၃ ယောက် လောက်ပဲ ကျန်ပါတယ်။ YBS ယာဉ်မောင်း ကုမ္ပဏီတွေအနေနဲ့တော့  ဆေးထိုးပြီးသားက ၅၁၁ ဦးပဲရှိပါသေး တယ်။ အများပြည်သူတွေနဲ့ နေ့စဉ် အမြဲတမ်းထိတွေနေတဲ့ YBS ယာဉ်မောင်း တွေက မဖြစ်မနေဆေးထိုးဖို့လိုအပ်တဲ့  အတွက်ကြောင့် YBS ကုမ္ပဏီတွေ ကို ယာဉ်မောင်းတွေရဲ့ ဆေးထိုးမဲ့ စာရင်းတွေကို ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကနေ သတ်မှတ် ထားတဲ့အတိုင်း တောင်းခံထား ပါတယ်။ အခု ဇူလိုင် ၂၉ ရက်ကို နောက်ဆုံးပေးဖို့တော့ စာထုတ်ထား ပါတယ်။ ယာဉ်မောင်းတွေအနေနဲ့ ကလည်း မဖြစ်မနေထိုးနှံပေးကြဖို့ မေတ္တာရပ်ခံပါတယ်"ဟု  ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်  ကပြောသည်။


ယခုအခါတွင် ရန်ကုန်တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ YBS ယာဉ်မောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေး ကြီးကြပ်မှုကော်မတီ (YRTC) သို့ စာရင်းတောင်းထားသည်များရှိ ကြောင်း သိရသည်။ YBS ယာဉ်မောင်း များအနေဖြင့် အများပြည်သူများနှင့် နေ့စဉ် ထိတွေ့သွားလာနေကြရသည့် အတွက် ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များအတိုင်း လက်မကြာခဏ ဆေးကြောခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ Mask မဖြစ်မနေတပ်ခြင်းတို့ကို ဆောင်ရွက်ရပြီး မိမိယာဉ်ပေါ်သို့ တက်ရောက်လာသော ခရီးသည်များ ကိုလည်း Mask မတပ်လျှင်ယာဉ်ပေါ်  တက်ခွင့်မပြုသည့် စည်းကမ်းများကို တိတိကျကျလိုက်နာကာ ဆောင်ရွက် ရန် ညွှန်ကြားထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။                    မင်းခ






အခြားဆက်စပ်သတင်းများ