နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ အောက်စီဂျင်ထုတ်စက်အလုံး ၂၀ဝ ကူညီထောက်ပံ့မည်

ရန်ကုန်  ဇူလိုင်  ၂၉


စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ကြက်ခြေနီအသင်းများအကြား ချိတ် ဆက်ကာ အောက်စီဂျင် ထုတ်စက် အလုံး ၂၀ဝ ကူညီထောက်ပံ့ မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ကြေညာသည်။


COVID-19 ကပ်ရောဂါကို ရင်ဆိုင် နေကြရသော မြန်မာပြည်သူများကို အားပေးကူညီသည့်အနေဖြင့်  ၁၀  လီတာ အောက်စီဂျင်ထုတ်စက် အလုံး ၂၀ဝ ကူညီထောက်ပံ့သွားမည်ဖြစ် ကြောင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြထားသည်။


အဆိုပါ အောက်စီဂျင်ထုတ်စက် များကို စင်ကာပူနိုင်ငံကြက်ခြေနီ အသင်းက မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် ချိတ်ဆက်ကာ ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ထို အောက်စီဂျင်ထုတ်စက်များကို မြန်မာ နိုင်ငံရှိ ကိုဗစ်ရောဂါသည်များအနက် အောက်စီဂျင်ကျနေသူများကို ကျန်းမာ ရေးစောင့်ရှောက်မှုပေးရာတွင် အသုံး ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ 


စင်ကာပူအစိုးရအနေနှင့် မြန်မာ နိုင်ငံကို COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်သော PCR စက်များအပြင် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရာ တွင် လိုအပ်သော ဆေးပစ္စည်းများ၊ ဆေးရုံသုံး မျက်နှာအကာအကွယ်များ၊  လက်ကိုလိမ်းရသော ပိုးသတ်ဆေး ရည်များနှင့် အခြားဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ပေးအပ်လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။


ထို့အပြင် စင်ကာပူအစိုးရသည် COVID-19 ကပ်ရောဂါကို ရင်ဆိုင်နေ ကြရသော မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်လျက်ရှိ ကြောင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။            

     (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ