နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ အခမဲ့စစ်ဆေးနိုင်မည့်နေရာများ ထပ်မံတိုးချဲ့ဖွင့်လှစ်

ရန်ကုန်  ဇူလိုင်  ၂၉


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ်လေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာသံသယရှိသူမည်သူ မဆို ရောဂါပိုးရှိ/မရှိ အခမဲ့စစ်ဆေး နိုင်မည့်နေရာများကို ယခုသီတင်းပတ် အတွင်း ထပ်မံတိုးချဲ့ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။


ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေး ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း  မြို့နယ်အလိုက် ဒေသန္တရဆေးခန်း များတွင် စစ်ဆေးနိုင်သည့်အပြင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် သန်လျင်မြို့နယ် တို့တွင်လည်း ထပ်မံတိုးချဲ့ဖွင့်လှစ် လိုက်ပြီး အခမဲ့စစ်ဆေးပေးနေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းက ပြောသည်။


အဓိကအားဖြင့် ကိုဗစ်ရောဂါ လက္ခဏာရှိသူများကို ဦးစားပေး  စစ်ဆေးပေးသွားမည်ဖြစ်ပြီး ထိုသို့ ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးပြီးနောက်  ပိုးတွေ့ရှိသူဖြစ်ပါက လူနာ၏အခြေ အနေကိုကြည့်ကာ ကုသရေးဌာနများ (သို့မဟုတ်) ဆေးရုံများသို့ ချိတ်ဆက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။ ယခု ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက် သော မြို့နယ်လေးမြို့နယ်ရှိ ကိုဗစ် ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးသောနေရာ လေးခုမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြို့ဦးစေတီဓမ္မာရုံ၊ ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အောင် မြင့်မိုရ်အိမ်ရာဓမ္မာရုံ၊ မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလို့ဘုရားအနီးရှိ သာသနာ့ဗိမာန် နှင့် သန်လျင်မြို့နယ်ရှိ သာသနာ့ ဗိမာန်တို့ဖြစ်ကြသည်။


ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ရှိ မြို့ဦးစေတီဓမ္မာရုံနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ အောင်မြင့်မိုရ် အိမ်ရာဓမ္မာရုံတို့တွင် တိုးချဲ့ဖွင့်လှစ် လိုက်သော ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးသော နေရာများတွင် ကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးပေး နေပြီး မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလို့ ဘုရားအနီးရှိ သာသနာ့ဗိမာန်နှင့် သန်လျင်မြို့နယ်ရှိ သာသနာ့ဗိမာန်တို့ တွင် တိုးချဲ့ဖွင့်လှစ်လိုက်သော ကိုဗစ် ရောဂါပိုးရှိမရှိ စစ်ဆေးပေးသောနေရာ များတွင် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့မှ အခမဲ့စစ်ဆေးပေးနေကြောင်း သိရသည်။


လက်ရှိတွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများကို ကျန်းမာရေး ဦးစီးဌာနမှ စစ်ဆေးပေးနေသောနေရာ များနှင့် မြို့နယ်ဒေသန္တရ ဆေးရုံ၊ ဆေးခန်းများတွင် အခမဲ့စစ်ဆေး ဆောင်ရွက်ပေးနေပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း ၁၁ ခုနှင့် ပုဂ္ဂလိကဓာတ်ခွဲ ခန်းလေးခုတို့တွင်လည်း သတ်မှတ် ဝန်ဆောင်ခများ ကောက်ခံကာ စစ်ဆေးပေးနေကြောင်း သိရသည်။

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ