နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ သံဃာတော်များအတွက် ဖွင့်လှစ်မည့် မင်းဓမ္မစင်တာရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဇူလိုင်  ၂၉


ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊  တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမင်းနှင့် တာဝန်ရှိသူများလိုက်ပါ လျက် ဇူလိုင် ၂၈ ရက်၊ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာ  သာသနာ့ဗိမာန်တော်သို့ သွားရောက် ကာ သံဃာတော်များသီးသန့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို စစ်ဆေးပြီး အောက်စီဂျင်ပိုက်လိုင်း  ထုတ်လုပ်သည့် စက်ပေးပို့ခြင်းနှင့် ပိုက်လိုင်းများသွယ်တန်း၍ အောက် စီဂျင် ဆလင်ဒါအိုးများ ဖြည့်သွင်း  ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။


ထို့နောက်စင်တာတွင် တာဝန်ယူ ဆောင်ရွက်ကြမည့် တပ်မတော် ဆေးတပ်ဖွဲ့မှ ဆရာဝန်၊ သူနာပြုများ၊ လုပ်အားပေး Volunteer များကို တွေ့ဆုံ၍ နေထိုင်ရေး၊ စားသောက်ရေး ဆိုင်ရာများကို ဖြည့်ဆည်းပေးပြီး သံဃာတော်များအတွက် အသုံးပြုရန် Oxygen Concentrator ၅၀ လုံးကို လွှဲပြောင်းပေးအပ်ခဲ့သည်။


အဆိုပါ မင်းဓမ္မစင်တာတွင် သံဃာတော်အပါး ၂၀၀ ကို လက်ခံ ကုသပေးနိုင်ကြောင်း သိရှိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး နှင့် တာဝန်ရှိသူများသည် လှိုင် ကိုဗစ်-၁၉ ကုသရေးစင်တာတွင် အသုံးပြုမည့် အောက်စီဂျင်ထုတ်လုပ် သည့် စက်သစ်မှ Cylinder အတွင်း ဖြည့်သွင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လူနာတိုက်ရိုက် အသုံးပြုရန်  အောက်စီ ဂျင် ပိုက်လိုင်းသွယ်တန်းတပ်ဆင် နေမှု၊ အရန်အောက်စီဂျင်အိုးများ ဖြည့်တင်းထားရှိပြီး အောက်စီဂျင်ပြတ် လပ်မှုမရှိစေရေးတို့ကို အလေးထား ဆောင်ရွက်ရန် ကုသရေးတာဝန်ခံ ဒေါက်တာကိုကိုနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို လုပ်ငန်းများပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။                   

အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ