နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ လူနေအိမ်များသို့ ရေဝင်ရောက်

ရန်ကုန်  ဇူလိုင်  ၂၉


မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဇူလိုင် ၂၈ ရက်၊ နံနက်က မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့် ဒုံသမိချောင်း ရေ မြင့်တက်ကာ ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်း ချောင်းကမ်းနံဘေး လူနေ ရပ်ကွက်များအတွင်းသို့ ရေများ ဝင် ရောက်လာရာ ရေလွှမ်းမိုးခံပြည်သူများ ကို တာဝန်ရှိသူတို့က ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိ ကြောင်း သိရသည်။


မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ဒူးရင်း ဆိပ်ကျေးရွာ အမှတ် ၆ ရပ်ကွက်၊ ဇီးကုန်းပိုင်းနှင့် အမှတ် ၂ ရပ်ကွက်၊ ကျားမနိုင်အပိုင်းတို့တွင် ရေအမြင့် လေးပေခန့်အထိ ဝင်ရောက်လာရာ ဘေးလွတ်ရာဖြစ်သည့် ရွာလယ်ဓမ္မာရုံ ၌ အိမ်ထောင်စု ၁၀ စုမှ လူဦးရေ ၄၁ ဦး နှင့် အ-ထ-ကခွဲကျောင်း၌ အိမ်ထောင်စု ၁၁ စု လူဦးရေ ၅၅ ဦး စုစုပေါင်း အိမ် ထောင်စု ၂၁ စုမှ လူဦးရေ ၉၆ ဦး တို့ကို တာဝန်ရှိသူတို့က ပြောင်းရွှေ့ နေရာချထားပေးခဲ့ကြပြီး နေထိုင်စား သောက်မှု အဆင်ပြေစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။           AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ