နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဘေးသတိပေးနှိုးဆော်

ရန်ကုန်  ဇူလိုင်  ၂၉


သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိ ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိ ပေးနှိုးဆော်ချက်များကို ဇူလိုင် ၂၈ ရက်၊ မွန်းလွဲပိုင်းက ဘီးလင်းမြစ်ကြောင်း တစ်လျှောက် Hand Speaker ဖြင့် လိုက်လံအသိပေး ဆောင်ရွက်လျက် ရှိသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဘီးလင်း မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးဝေယံ အောင်၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ရေကြီးနစ်မြုပ်နိုင်သည့် နေရာများသို့ စက်လှေများဖြင့်သွားရောက်၍ ဘီးလင်း မြစ်ရေ မြင့်တက်လာနေသည့်အတွက် မြစ်ချောင်းအနီး နေထိုင်ကြသော ပြည်သူများကို ရေလွတ်ရာ ကယ်ဆယ် ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြ ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင် ရွက်သွားကြရန် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

(ခရီးသွားလုလင်)






အခြားဆက်စပ်သတင်းများ