နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အောင်မြင်စွာထိန်းချုပ်နိုင်ရန်နှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန်  ဇူလိုင်  ၂၉


ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုများ အောင်မြင်စွာ ထိန်းချုပ်နိုင်ရန် နှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၈ ရက်၊ ညနေ ၄ နာရီအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ရုံး အစည်းအဝေးခန်းမ (၄) ၌ ကျင်းပ ပြုလုပ်သည်။ (ပုံ)


အစည်းအဝေးသို့ ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးဝင်းတင့်၊ ဦးဗိုလ်ဌေး၊ ဦးအောင်သန်းဦး၊ ဦးဇော်ဝင်း၊ ရဲမှူးချုပ် မျိုးမင်းထိုက်၊ အတွင်းရေးမှူး ဦးစိုးစိုး ဇော်၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါက်တာ သီတာလှနှင့် ဒေါက်တာထွန်းမင်းတို့ တက်ရောက် ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက လတ်တလောတွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် နှုန်း မြင့်တက်နေသည့်အတွက် ထိန်း ချုပ်နိုင်ရန်နှင့် ကာကွယ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ထိထိ ရောက် ရောက် ဆောင်ရွက်နိုင်ရန် ညှိနှိုင်း အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း၊ ဆေးရုံများနှင့် ကိုဗစ်-၁၉ ရောဂါစင်တာ များသို့ အောက်စီဂျင် အပြည့်အဝပေး နိုင်ရေးနှင့် စပ်လျဉ်း၍ အောက်ဆီဂျင် ထုတ်လုပ်ရန် လိုအပ်သော ကုန်ကြမ်း များရရှိမှုပေါ် မူတည်ကြောင်း၊ ရက်ပိုင်း အတွင်း အောက်စီဂျင်ဓာတ်ငွေ့ရည် များ ရန်ကုန်သို့ ရောက်ရှိလာမည့် အခြေအနေ၊ အောက်စီဂျင်စက်သစ်များ ဝယ်ယူထားမှုအခြေအနေ၊ ဖြန့်ဖြူးပေး နေသည့် အခြေအနေ၊  နယ်စပ်မှ ရန်ကုန်သို့သယ်ပို့ရာတွင် ရာသီဥတု ကြောင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ပါ က အခြားလမ်းကြောင်းမှ ကြိုတင်ဆောင်ရွက် ထားရမည့်အခြေအနေ၊ ကုန်ကြမ်းရရှိအောင် ဆေးရုံများနှင့် ကိုဗစ်-၁၉ ရောဂါစင်တာများတွင် အရန်အောက်စီဂျင်အိုးများ လုံလောက်စွာထားရှိ ရန် စီမံဆောင်ရွက်မည့် အခြေအနေ၊ ကုသရေး စင်တာများကို ကုသရေး ဆေးရုံများအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်မည့် အခြေအနေတို့ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် သက်ဆိုင်ရာဦးစီးဌာနများနှင့်အတူ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များအားလုံး ပါဝင်ပူးပေါင်းဆောင် ရွက်ပေးမည့် အခြေအနေ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များတွင် ဆေးထိုးရန် ဝန်ထမ်းအခက်အခဲ ရှိပါက ဆေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက် ပေးရန် စီစဉ်ထားမှုအခြေအနေ၊ ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့အနေဖြင့် လူဦးရေ ထူထပ်မှုအပေါ် မူတည်၍ ဆေးထိုးမည့် စင်တာများ တိုးချဲ့ ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ ရောဂါ ပိုးတွေ့ရှိလူနာများ၏ အခြေအနေ၊ ကိုဗစ်-၁၉ ကုသရေးဆေးရုံအဖြစ် သတ်မှတ်ထားသည့် ဆေးရုံများ၏ အခြေအနေ၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရာတွင် အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကိုဗစ်စင်တာရှိ စေတနာ့ ဝန်ထမ်းလုပ်အားပေးများကို ဦးစားပေး ထိုးနှံပေး မည့် အစီအစဉ်များ၊ Test Kit များဖြင့် စစ်ဆေး မည့် စင်တာများ ထပ်မံတိုးချဲ့ရန် အစီအစဉ်များ ကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ဝင်းတင့်၊ ဦးဗိုလ်ဌေး၊ ဦးအောင်သန်းဦး၊ ဦးဇော်ဝင်း၊ ရဲမှူးချုပ်မျိုးမင်းထိုက်၊ အတွင်းရေးမှူး ဦးစိုးစိုးဇော် နှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာ သီတာလှနှင့် ဒေါက်တာထွန်းမင်းတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်များ၊ အောက်စီဂျင်ရရှိမှု၊ သုံးစွဲမှုနှင့် လိုအပ်သည့်ပစ္စည်း များ ဖြည့်ဆည်းထားရှိမှုအခြေအနေ၊ အောက်စီဂျင် များရရှိမှုနှင့် ဖြန့်ဝေသွားမည့်အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။  အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ