နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်နယ်တီကာကွယ်ခဲ့သလို ကိုယ်တိုင်လည်း ပင်နယ်တီ ကန်သွင်းပေးတဲ့ ဝါရင့်ဂိုးသမား ဘီဂိုဗစ်

ဇူလိုင် ၂၈


အဲဗာတန်အသင်း ဂိုးသမားသစ် ဘီဂိုဗစ်ဟာ Florida Cup ပြိုင်ပွဲ ဗိုလ်လု ပွဲအဖြစ် Millonarios အသင်းနဲ့ ကစားခဲ့တဲ့ပွဲ  ပင်နယ်တီအဆုံးအဖြတ်မှာ ပြိုင်ဘက်အသင်းရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သလို ကိုယ်တိုင်လည်း ပင်နယ်တီကန်သွင်းပြီးတော့ အသင်း သစ်အတွက် ရာသီကြိုဖလားတစ်လုံးရယူပေးနိုင်ခဲ့ပါတယ်။


Millonarios နဲ့ ပွဲမှာ အဲဗာတန် အသင်း  အဖွင့်ဂိုးပေးခဲ့ရပေမယ့် တောင်ပံတိုက်စစ်  ကစားသမား ဒီမာရိုင်းဂရေးက ပင်နယ်တီကနေချေပဂိုးပြန်သွင်းယူခဲ့ပြီး  ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာတော့ အဲဗာတန် အသင်းက(၁၀-၉)ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။ ဘီဂိုဗစ်ဟာ(၁၀)ကြိမ်မြောက် ပင်နယ်တီကို ဂိုးဝင်အောင် သွင်းယူ နိုင်ခဲ့သလို   ပြိုင်ဘက်ကစားသမား ဟွမ်အက်စတီဘန်မော်ရီနိုရဲ့ ကန်ချက် ကိုကာကွယ်နိုင်ခဲ့တာကြောင့် အဲဗာတန် နည်းပြသစ် ဘင်နီတက်ဇ် ရာသီကြိုမှာပဲ  ဆုဖလားတစ်လုံး ကိုင်မြှောက်ခွင့်ရရှိခဲ့ ပါတယ်။


ဝါရင့်ဂိုးသမား  ဘီဂိုဗစ်ဟာ ပြီးခဲ့တဲ့ ရာသီကုန်က ဘုန်းမောက် အသင်းက နေအဲဗာတန်အသင်းဆီ ပြောင်းရွှေ့ ခဲ့သူဖြစ်ပါတယ်။ဒီပွဲမှာ ပရိသတ်တွေကန့်ကွက်နေတဲ့ကြားက နည်းပြသစ် ဘင်နီတက်ဇ်က အသင်း အတွက် ရာသီကြိုဆုဖလားတစ်လုံး ရယူနိုင်ခဲ့လို့ ပရိသတ်တွေကို စိတ် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ ဘင်နီ တက်ဇ်ဟာ အခုနွေရာသီအပြောင်း အရွှေ့မှာ ကစားသမားသစ်တွေ ဆက် လက်ခေါ်ယူ အားဖြည့်ဖို့ပြင်ဆင်နေပြီး မန်ယူနိုက်တက် ကွင်းလယ်လူ လင်ဂတ်၊ အေစီမီလန်အသင်း လူငယ်တိုက်စစ်မှူး လီယိုတို့ကို ပစ်မှတ်ထားနေတယ်လို့ လည်းမီဒီယာတွေက ဖော်ပြခဲ့ကြပါ တယ်။

(SO)






အခြားဆက်စပ်သတင်းများ