နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူး လူကာကူကို ရောင်းချမှာမဟုတ်ဟု အင်တာမီလန် စီအီးအို မာရော့တာ ပြော

ဇူလိုင် ၂၈


ပြီးခဲ့တဲ့ရာသီက အင်တာမီလန် အသင်းနဲ့ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အသင်းကြီးအချို့ရဲ့ခေါ်ယူဖို့ စိတ်ဝင် စားခြင်းခံနေရတဲ့   တိုက်စစ်မှူး လူကာကူကို ရောင်းချမှာ မဟုတ်ဟု အင်တာမီလန်  စီအီးအိုဖြစ်တဲ့ မာရော့ တာက ပြောဆိုခဲ့ပါတယ်။


အစောပိုင်းတုန်းက အင်တာမီလန် ဟာ  ဘဏ္ဍာရေးအခြေအနေတွေ ကြောင့် ကစားသမားကောင်းအချို့ ကို ရောင်းချဖို့ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် နောက်ခံလူတစ်ဦးဖြစ် တဲ့ ဟာကီမီကို ပီအက်စ်ဂျီအသင်းထံ ရောင်းချခဲ့တာကြောင့် ပေါင်သန်း ၆၀ လောက် ရရှိခဲ့တယ်လို့လည်း သိရပါ တယ်။


၂၀၁၉ ခုနှစ်က မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ပေါင် ၆၈ သန်းနဲ့ လူကာကူကို အင်တာမီလန်က ခေါ်ယူခဲ့တာဖြစ်ပြီး ပေါင် ၁၀၂ သန်းရ ရင် ရောင်းချမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတယ်လို့ သိရပေမယ့် နည်းပြသစ် ဆီမြွန်အင်ဇာဂီရဲ့ အသင်း တည်ဆောက်မှုမှာ လူကာကူက အရေးပါ တဲ့ ကစားသမားတစ်ယောက် အဖြစ် ပါဝင်နေတာကြောင့် အသင်း တာဝန်ရှိသူတွေအနေနဲ့ မရောင်းချ တော့တာဖြစ်ကြောင်း သိရပါတယ်။ 

(သူရိန်)






အခြားဆက်စပ်သတင်းများ