နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြလောကထဲ လူငယ်အသင်းကနေ ခြေလှမ်းစမယ့် ဖာနန်ဒိုတောရက်စ်

ဇူလိုင် ၂၈


အက်သလက်တီကိုအသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားတစ်ဦး ဖြစ်တဲ့ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ် ဟာ လက်ရှိအချိန်မှာတော့ အသင်း ရဲ့ လူငယ်နည်းပြအဖြစ် လုပ်ဆောင် တော့မှာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြလာကြတာတွေ့ရပါတယ်။

 

စပိန်လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုပေါင်းများစွာ ရယူနိုင်ခဲ့တဲ့ စပိန်ဂန္တဝင်တိုက်စစ်မှူးကြီး ဖာနန်ဒို တောရက်စ်ဟာ မကြာသေးမီကမှ ဘောလုံးကစားသမားဘဝကနေ အနားယူခဲ့သူဖြစ်ပါတယ်။


အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ တောရက်စ်ဟာ  ကစားသမားဘဝ တုန်းက အက်သလက်တီကိုအသင်း အတွက် နှစ်ကြိမ်တိုင်ကစားပေးခဲ့သူ ဖြစ်ပြီးအသင်း   ပရိသတ်တွေရဲ့ အချစ်တော်  တစ်ယောက်လည်း ဖြစ်ပါတယ်။ တောရက်စ်ဟာ စပိန် အသင်းရဲ့   သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူး တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး စပိန် အသင်းနဲ့အတူ ကမ္ဘာ့ဖလား၁ကြိမ်၊ ယူရိုဖလား ၂ ကြိမ်တို့ကို ရယူနိုင်ခဲ့ ပါတယ်။ 


တောရက်စ်ဟာ အက်သလက်တီကို ရဲ့ လူငယ် အကယ်ဒမီကနေထွက် ပေါ်လာသူဖြစ်တာကြောင့် သူ့ရဲ့နည်းပြ ဘဝကိုလည်း အက်သလက်တီကိုရဲ့ လူငယ်အသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။ ဖာနန်ဒိုတောရက်စ် အနေနဲ့ လူငယ်အသင်း A ကို ကိုင်တွယ် ဖို့သဘောတူခဲ့တယ်ဆိုပေမယ့်ယူအီးအက်ဖ် အေရဲ့ နည်းပြလိုင်စင်ရရှိပြီးမှ ကိုင်တွယ်ခွင့်ရမှာဖြစ်ပြီး လက်ရှိမှာ တော့ လူငယ်အသင်း B ကို စတင် ကိုင်တွယ်ရမှာဖြစ်တယ်လို့  သိရပါ တယ်။                                     (SO)






အခြားဆက်စပ်သတင်းများ