နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးနဲ့ဟာသာဘာလင်တို့ ခြေစမ်းပွဲမှာ ဗန်ဒိုက်ဝင်ကစားနိုင်ကြောင်း

ကလော့ပ် ပြောကြား

 ဇူလိုင် ၂၈


လီဗာပူးအသင်းရဲ့ နည်းပြကြီး ဂျာဂင်ကလော့ပ်ကတော့ အဓိက ဗဟိုနောက်ခံလူ ဗာဂျီဗန်ဒိုက်ဟာသာ ဘာလင်နဲ့ ခြေစမ်းပွဲမှာ လီဗာပူးအတွက် ပြန်ကစားပေးနိုင်ဖို့ရှိနေကြောင်း ပြော ကြားသွားခဲ့ပါတယ်။


ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့နှစ်က ဒူးအရွတ် ဒဏ်ရာကြောင့် တစ်နှစ်လုံးမကစားနိုင် ခဲ့ပဲ ခွဲစိတ်ကုသခံယူခဲ့ရပါတယ်။ အသက် ၃၀ အရွယ် နောက်ခံလူဟာ ၂၀၂၀-၂၀၂၁  ရာသီတစ်ရာသီလုံး လွဲချော်ခဲ့တာကြောင့် ဒဏ်ရာကနေ အမြန်ဆုံးသက်သာနိုင်ဖို့ နယ်သာလန် အသင်းရဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ လူစာရင်းကနေတောင် နုတ်ထွက်ခဲ့သူ ဖြစ်ပြီး အခုအချိန်မှာတော့ ပြန်ကစား နိုင်ဖို့ နီးစပ်နေပြီပဲဖြစ်ပါတယ်။


ကြာသပတေးနေ့မှာ ကစားမယ့် ဘွန်ဒက်လီဂါကလပ် ဟာသာဘာလင်နဲ့ ပွဲမှာ ဗန်ဒိုက်ပါဝင်ဖို့ရှိ၊ မရှိကို လီဗာပူး နည်းပြကြီးက အခုလိုပဲပြောကြားသွား ခဲ့ပါတယ်။ 

ကလော့ပ်က "သေတော့ မသေ ချာပေမယ့် ကစားနိုင်မယ်လို့တော့ ထင်တယ်။ 


အခွင့်အရေးရရင်တော့ မိနစ် အနည်းငယ်လောက်တော့ ကစားခိုင်း မှာပါ။ ထရိန်နင်မှာလည်း တော်တော် လေး ကောင်းခဲ့တယ်။ ပွဲထဲမှာတောင် ဝင်ကစားနိုင်နေလောက်ပြီ။ ဒါပေမယ့် နောက်ဆုံးဆွေးနွေးမှုလေးတွေ လုပ်ဖို့ လိုသေးတယ်။ သူအသင့်ဖြစ်ပြီဆိုတာ နဲ့ ဝင်ကစားပါလိမ့်မယ်"လို့ ပြောခဲ့                 ပါတယ်။                                      (SO)







အခြားဆက်စပ်သတင်းများ