နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူနိုက်တက်အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ ဗန်ဒီဘိခ်

 ဇူလိုင် ၂၈


သတင်းတွေအရ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ တနင်္လာ နေ့တုန်းက ရာသီကြိုလေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တယ်လို့  သိရပါ တယ်။ 


နယ်သာလန်  ကွင်းလယ်လူဟာ ယူနိုက်တက်အသင်းရဲ့  ရာသီကြို ခြေစမ်းပွဲ ၂ ပွဲကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒီဘိခ်ဟာ ယူရို ၂၀၂၀ အတွက် ပြင်ဆင်နေစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့်   အဆိုပါ ပြိုင်ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ အေဂျက်ကနေ ပြောင်းလာပြီးကတည်း က ဗန်ဒီဘိခ်ဟာ ပရီးမီးယားလိဂ် ၄ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။


ဒါပေမယ့် သတင်းတွေကတော့ ဗန်ဒီဘိခ်ဟာ  ယူနိုက်တက်ကနေ ထွက်ခွာမယ်လို့ဖော်ပြနေကြပါတယ်။ ယူနိုက်တက်ဟာ  တောင်ပံနေရာ အတွက် ဆန်ချိုကို ခေါ်ယူထားနိုင်ခဲ့ ပြီဖြစ်ကာ နောက်တန်းနေရာအတွက် လည်း ဗာရာနီကိုခေါ်ယူနိုင်ဖို့ နီးစပ် နေပါတယ်။   ဆိုးလ်ရှားကတော့ အသင်းရဲ့  နောက်တန်းနေရာကို မက်ဂွါရီနဲ့ တွဲဖက်ပေးဖို့ကို  အထူး ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

 (SO)






အခြားဆက်စပ်သတင်းများ