နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာချုပ်သစ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ပိုချက်တီနိုထံ ပြောကြား

 ဇူလိုင် ၂၇


ပီအက်စ်ဂျီအသင်းဟာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိ တော့တဲ့ ကိုင်လီအမ်ဘာပေကို စာချုပ်သက်တမ်းတိုးဖို့ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အကယ်၍ အမ်ဘာပေသာ စာချုပ်သက်တမ်း မတိုးခဲ့ပါက လာမယ့်နှစ်မှာ ပီအက်စ်ဂျီဟာ ပြင်သစ်သားကို ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ 


ပိုချက်တီနိုဟာ မနေ့ကမှ ပီအက်စ်ဂျီနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အမ်ဘာပေကတော့ စာချုပ်အသစ်မချုပ်ဆို ပါဘူးလို့ အာဂျင်တီးနားသား နည်းပြကို ပြောပြီးသားဖြစ်ပါတယ် လို့ Marcaကဖော်ပြထားပါတယ်။ ကလပ်ကိုလေးစားသောအားဖြင့် တိုက်စစ်မှုးဟာ ဒီနွေရာသီမှာ အလျင်စလို ထွက်ခွာသွားမှာမဟုတ်ဘဲ စာချုပ်အသစ် မချုပ်ဆိုချင်တဲ့အတွက် လာမယ့်နွေရာသီမှာတော့ အသင်းကနေ ထွက်ခွာသွားမှာဖြစ်ပါတယ်။ 


ဘယ်အသင်းသို့ ပြောင်းမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပြီး လာမယ့်ရာသီမှာ အမ်ဘာပေသာ ထွက်ခွာဖြစ်ခဲ့ရင် ရီးရဲလ် မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့သွားနိုင်ပါတယ်။ ဒီနွေရာသီမှာ ပီအက်စ်ဂျီကသာ သူ့ကိုရောင်းချဖို့ ဆုံးဖြတ်ခဲ့ရင်တော့ ရီးရဲလ် မက်ဒရစ်ဟာ ပြောင်းရွေ့ကြေးအဖြစ် ပေါင်း သန်း ၁၀၀ ထက် ပေးမှာတော့ မဟုတ်ဘူးလို့ ထင်မိပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ