နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါ့ဘာကိုခေါ်ယူဖို့ကြိုးပမ်းမှု ပရိသတ်တွေအကြီးအကျယ်ကန့်ကွက်ဆန္ဒပြခံရတဲ့ PSG

 ဇူလိုင် ၂၇


PSG အသင်းဟာ မန်ယူ နိုက်တက်ကွင်းလယ်လူ ပေါ့ဘာ ကို ခေါ်ယူဖို့ကြိုးပမ်းနေပေမယ့် အသင်းပရိသတ်တွေကတော့ အကြီးအကျယ် ကန့်ကွက်တဲ့ အနေနဲ့ အသင်းလေ့ကျင့်ရေး ကွင်းပြင်ပမှာ ငှက်ပျောသီးတွေ ချိတ်ပြီး လူမျိုးရေးခွဲခြားခဲ့သလို "ပေါ့ဘာရေ မင်းအမေပြောတဲ့ အတိုင်း နားထောင်လိုက်တာ ကောင်းမယ်ထင်တယ်။ မင်း အမေကလည်း ဒီအသင်းမှာ မကစားစေချင်သလို ငါတို့က လည်း မင်းကိုမလာစေချင်ဘူး" လို့ စာတန်းချိတ်ဆွဲပြီးတော့ ဆန္ဒပြခဲ့ပါတယ်။


Daily Mail က ပေါ့ဘာဟာ ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ဒီနှစ်သင်း ဆုံတွေ့ခဲ့တုန်းက ဒုတိယ အကျော့ပွဲမှာ ပေါ့ဘာဟာ ပွဲ ပယ်ကြောင့် မပါဝင်နိုင်ခဲ့ဘဲ ယူနိုက်တက်အသင်းဟာ PSG အသင်းကို ၃-၁ ရလဒ်နဲ့အနိုင် ယူခဲ့တဲ့ပွဲအပြီး ပေါ့ဘာဟာ အကြီးအကျယ် အောင်ပွဲခံခဲ့တာ ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ် ခဲ့ပါတယ်။


ပေါ့ဘာဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိပြီး အသင်းက သူ့ကို လစာငွေတိုးမြှင့်ပေးကာ ပေါင် သန်း ၅၀ တန်ကြေးရှိတဲ့စာချုပ် သစ်တစ်ရပ် ချုပ်ဆိုဖို့ကမ်းလှမ်း ခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ သတင်းထွက်နေတာပါ။ အခု လောလောဆယ် PSG အသင်းက ပေါ့ဘာကို ခေါ်ယူဖို့အေးဂျင့် ဖြစ်တဲ့ ရိုင်အိုလာနဲ့တွေ့ဆုံခဲ့ တယ်လို့ မီဒီယာတွေက အကျယ် တဝင့်ဖော်ပြနေပေမယ့် နှစ်ဖက် အသင်းကြား တရားဝင်ဆွေးနွေး တာမျိုး မရှိသေးပါဘူး။ ယူနိုက် တက်အသင်းအနေနဲ့ ပေါ့ဘာကို ပြောင်းရွှေ့ကြေးမရဘဲ အလွတ် နဲ့ မဆုံးရှုံးဖို့အတွက် အခု နွေရာသီအတွင်း ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ရောင်းချဖို့ရှိနေပါ တယ်။                              (SO)






အခြားဆက်စပ်သတင်းများ