နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာအသင်းရဲ့ ရိုင်းပြစွာ ဆက်ဆံခြင်းခံခဲ့ရသူ Matheus Fernandes

ဇူလိုင် ၂၇


ဘာစီလိုနာကစားသမားဟောင်း Matheus Fernandes ဟာ ပြီးခဲ့တဲ့လက စာချုပ်ဖျက်သိမ်းခံခဲ့ရပြီးနောက် အသင်းအပေါ် ဝေဖန် ပြစ်တင်လိုက်ပါတယ်။ ဘရာဇီးကစားသမားဟာ Palmeiras ကနေ ယူရို ၁၀ သန်းဖြင့် နူးကမ့်ကိုရောက်ရှိလာခဲ့ပြီး ဆာဂျီယိုဘတ်စကွက် နေရာ အစားထိုးနိုင်မယ့် ကြယ်ပွင့်ကစားသမားအဖြစ် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။


ဒါပေမယ့် သူက ဘာစီလိုနာအတွက် နိုဝင်ဘာလက ဒိုင်နမိုက်ကိဗ် နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ လူစားဝင်ကစားသမားအနေနဲ့ ၁၇ မိနစ်  ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အသင်းက Fernandes အတွက် တရားဝင်မိတ်ဆက်ခြင်း အခမ်းအနားတောင် ပြုလုပ်မပေးခဲ့ပဲ ဇွန်လ မှာ သူ့ရဲ့ ၅ နှစ်စာချုပ်ကိုဖျက်သိမ်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ Fernandes ဟာ ယခုလအစောပိုင်းမှာ Palmeiras အသင်းထံ ပြန်လည်ရောက်ရှိသွားပြီးနောက် အင်တာဗျူးတစ်ခုအတွင်း အသင်းဟောင်းရဲ့ ရိုင်းပြစွာဆက်ဆံမှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ ပါတယ်။


သူက Globo Esporte နဲ့ တွေ့ဆုံရာမှာ "ကျွန်တော် ဘာမှ မသိပါဘူး။ သူတို့ ကျွန်တော့်ကိုလာပြောတော့ မယုံနိုင်အောင်ဖြစ်မိ ပါတယ်။ ကျွန်တော် မွေးရပ်မြေပြန်လည်ရောက်ရှိနေပြီး ဇနီးဖြစ်သူနဲ့ အတူ ဈေးဝယ်ထွက်နေချိန် အသင်းကနေ မက်ဆေ့ချ်တစ်ခု လက်ခံ ရရှိပါတယ်။ သူတို့က ကျွန်တော့်ကို အရင်အီးမေးလ်ကို အသုံးပြုနေ သေးလားဆိုပြီး မေးပါတယ်။ အဲ့ဒီနောက် စာချုပ်ဖျက်သိမ်းတယ် ဆိုတာ သိလိုက်ရပါတယ်"လို့ ပြောခဲ့ပါတယ်။                            (SO)






အခြားဆက်စပ်သတင်းများ