ဖယ်ခုံ ဇူလိုင် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံ မြို့နယ်မိုးဗြဲမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်မည့် ငွေကျပ်သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁ ဒသမ ၉၂ ကီလိုနှင့် ဘိန်း ၂၈၈ ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၂ ရက် ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် ကျောက်ကူပြင်ကျေးရွာ ရွာငံ - ကျောက် ဆည်သွား ကားလမ်းအနီးတွင် ရွာငံ ဘက်မှကျောက်ဆည်သို့ ယာဉ်မောင်း သန်းဝင်း မောင်းနှင်ပြီး ကျော်ဆန်း လိုက်ပါလာသည့် NISSANCONDOR ခြောက်ဘီး ရေသယ်ယာဉ်ကို ရပ်တန့် ရှာဖွေစစ်ဆေးရာ ကာလတန်ဖိုး ငွေကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁ ဒသမ ၉၂ ကီလိုနှင့် ဘိန်း ၂၈၈ ကီလိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးထုတ်ချက်အရ ဖမ်းဆီးရမိ သော မူးယစ်ဆေးဝါးများကို ရှမ်း ပြည်နယ် (တောင်ပိုင်း) ဖယ်ခုံ မြို့နယ်မိုးဗြဲမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ သဖြင့် ယင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များကိုဆက်လက် စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရ သည်။
ဆွေဦး