နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုံခြုံရေးအရာရှိများကို အပြောင်းအလဲလုပ်မရ၍ စိတ်ပျက်ကြောင်း ပြောထားသည့်ု ဘရာဇီးသမ္မတ ဘော်ဆိုနာရို၏ ရုပ်သံမှတ်တမ်းကို အထက်တရားရုံးချုပ် ထုတ်ဖော်

မေ ၂၃၊  ဘရာစီလီယာ

သမ္မတ ဘော်ဆိုနာရိုက လုံခြုံရေးအရာရှိများကို အပြောင်းအလဲမလုပ်နိုင်၍ စိတ်ပျက်မိကြောင်း၊ မိသားစုကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း  ပြောနေသည့်ရုပ်သံမှတ်တမ်းကို ဘရာဇီးနိုင်ငံ အထက်တရားရုံးချုပ်က ထုတ်ဖော်ခဲ့သည်။

အဆိုပါဗီဒီယိုမှာ သမ္မတ ဘော်ဆိုနာရိုက ပြည်ထောင်စုရဲတပ်ဖွဲ့၏ စီနီယာအရာရှိများကို အစားထိုးခန့်အပ် ရန် ကြိုးပမ်းခဲ့သည်ဆိုသော စွပ်စွဲချက် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သို့သော် ဘော်ဆိုနာရိုက အမှားအယွင်း လုပ်ခဲ့ခြင်းမရှိဟု ငြင်းဆန်ခဲ့သည်။

အဆိုပါဗီဒီယိုတွင် ဘော်ဆိုနာရိုက '' ရီယိုဒီဂျနေးရိုးမြို့က လုံခြုံရေးအရာရှိတွေကို ပြောင်းလဲပစ်ဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ပြောင်းလို့မရဘူး။ ဒီကိစ္စက ပြီးသွားပါပြီ။ ကျွန်တော့်မိသားစုနဲ့ မိတ်ဆွေတွေ ဒုက္ခရောက်တဲ့အချိန်အထိ စောင့်နေမှာမဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးအရာရှိကို ပြောင်းလဲလို့မရရင် သူ့အထက်အရာရှိကို ပြောင်းလဲပစ်မယ်။ အထက်အရာရှိကို ဖြုတ်လို့မရရင် ဝန်ကြီးကို ဖြုတ်ပစ်မယ်''ဟု ဆိုခဲ့သည်။

ဘရာဇီးနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကြီးအကျယ်ကူးစက်ပျံ့နှံ့သည့် နောက်ထပ်ဗဟိုချက် တစ်ခုဖြစ်လာနိုင်သည်ဆိုသော စိုးရိမ်ပူပန်မှုများရှိနေချိန်တွင် နိုင်ငံရေးပဋိပက္ခကြီးထွားလာခြင်းဖြစ်သည်။ ပြီးခဲ့သည့်သောကြာနေ့က ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၁ ဦးရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၂၁၀၄၈ ဦးအထိ ရှိလာခဲ့သည်။ ဘရာဇီးနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၃၃၀၀၀၀ ကျော် ရှိနေပြီး ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အစိုးရ၏ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ သဘောထားကွဲလွဲခြင်းကြောင့် တစ်လအတွင်း ဘရာဇီးကျန်းမာရေးဝန်ကြီးနှစ်ဦး ရာထူးမှ နုတ်ထွက်ခဲ့သည်။   

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ