နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်ကို မဲပေးပါက လူမည်းမဟုတ်နိုင်ဟု ပြောခဲ့သည့်မှတ်ချက်အတွက် ဂျိုးဘိုင်ဒင် ပြန်တောင်းပန်

မေ  ၂၃၊  ဝါရှင်တန်

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ယင်းကိုကျော်ပြီး လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို မဲပေးရန် စဉ်းစားပါက အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားများကို လူမည်းများဟု သတ်မှတ်နိုင်မည်မဟုတ်ဟု ပြောခဲ့မိသည့်အတွက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ပြန်လည်တောင်းပန်ခဲ့သည်။

ဂျိုးဘိုင်ဒင်သည် ပြီးခဲ့သည့်သောကြာနေ့က နာမည်ကျော် ရေဒီယိုအစီအစဉ်တင်ဆက်သူ ချာလာမက်နီနှင့် အင်တာဗျူးအစီအစဉ်တွင် လူမည်းများနှင့်ပတ်သက်၍ အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဂျိုးဘိုင်ဒင်အတွက် လူမည်းများ၏ မဲပေးမှုများမှာ အဓိက ကျခဲ့သည်။ အသက် ၇၇ နှစ်ရှိသည့် ဂျိုးဘိုင်ဒင်သည် တောင်ပိုင်း ကာရိုလိုင်းနားပြည်နယ်တွင် ကျင်းပခဲ့သည့် ပါတီတွင်း သမ္မတရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့ သည်။ တောင်ပိုင်းကာရိုလိုင်းနားပြည်နယ်၏ ဒီမိုကရက်တစ် မဲဆန္ဒနယ်အတွင်း အာဖရိကနွယ်ဖွား အမေရိကန် နိုင်ငံသား ၆၀ ရာခိုင်နှုန်းကျော်ရှိသည်။

ချာလာမက်နီနှင့် အင်တာဗျူးအစီအစဉ် ပြီးဆုံးခါနီးတွင် ဂျိုးဘိုင်ဒင်၏လက်ထောက်တစ်ဦးက အချိန် ပြည့်သွားပြီဟု လာပြောခဲ့ရာ ဂျိုးဘိုင်ဒင်က အင်တာဗျူးကို ရုတ်တရက် အဆုံးသတ်ရန် ကြိုးပမ်းခဲ့သည်။

ချာလာမက်နီက ''လူမည်းများ၏ မီဒီယာတစ်ခုကို ယင်းကဲ့သို့ လုပ်၍မရနိုင်''ဟု ပြောခဲ့ပြီး နောက်ထပ် အင်တာဗျူးတစ်ခု ထပ်ဖြေပေးရန် တိုက်တွန်းခဲ့ရာ ဂျိုးဘိုင်ဒင်က ''မင်းအနေနဲ့ ငါ့ကို မဲပေးရမလား၊ ဒေါ်နယ်ထရမ့်ကို မဲပေးရမလား ဝေခွဲရခက်နေရင် မင်းက လူမည်းမဟုတ်နိုင်ဘူး''ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အဆိုပါမှတ်ချက်အတွက် နောင်တရမိသည်ဟု ဂျိုးဘိုင်ဒင်က ဆိုသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ