နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ခြေဖဝါးဒဏ်ရာရနေဆဲဖြစ်တဲ့ ဖိုဒန်ရဲ့ အခြေအနေအပေါ် မန်စီးတီး စိုးရိမ်နေ

ဇူလိုင် ၂၃


အင်္ဂလန်လက်ရွေးစင် တောင်ပံ ကစားသမား ဖိုဒန်ဟာခြေဖဝါးဒဏ်ရာ ရရှိခဲ့တာကြောင့် အီတလီနဲ့ ယူရို ဗိုလ်လု ပွဲကို လွဲချော်ခဲ့ပါတယ်။ မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ် ရာသီ သစ်စဖို့ ၃ ပတ်ကျော်ပဲ လိုတော့တဲ့ အခြေအနေမှာ ဖိုဒန်ရဲ့ကြံ့ခိုင်မှု ပြဿနာ အပေါ်စိုးရိမ်လျက်ရှိနေပါတယ်။ မန်စီး တီးအနေနဲ့ လာမယ့်အပတ်မှာ ဖိုဒန်ကို စစ်ဆေးမှုတွေ ပြုလုပ်သွားကာ ဘယ် အချိန်ပြန်လာနိုင်မလဲဆိုတာ  သိရှိ အောင် ကြိုးစားသွားမယ်လို့ဆိုပါတယ်။ အင်္ဂလန်က သတင်းတွေအရတော့ဖိုဒန် ရဲ့ဒဏ်ရာအ ခြေအနေဟာပြင်းထန်ခြင်း မရှိဘူးလို့သိရပါတယ်။ ဒါပေမဲ့ ယခု အချိန်ထိ ခြေကာနဲ့ပဲ နေနေရတဲ့ အခြေအနေမှာ နည်းပြ ဂွါဒီယိုလာရဲ့ ရာသီကြို အစီအစဉ်အပေါ် ထိခိုက် လာဖို့ ရှိနေတာပါ။ ဖိုဒန်ဟာ ယူရို အဖွင့်ပွဲစဉ်တွေအဖြစ် ခရိုအေးရှား၊ စကော့တလလန်တို့နဲ့ ပွဲတွေမှာ ခြေစွမ်းပြခဲ့ပေမဲ့  ရှုံးထွက်အဆင့်ပွဲစဉ် အများစုကို  လွဲချော်ခဲ့ပါတယ်။ ဒိန်းမတ်နဲ့ပွဲမှာ အရန်လူနေရာကနေ ပါဝင်ခဲ့ပေမဲ့ အီတလီနဲ့ ဗိုလ်လုပွဲ ကိုတော့ လွဲချော်ခဲ့ပါတယ်။ အသင်း ဖော်တွေဖြစ်တဲ့ ဝေါ်လ်ကာ၊စတာလင်၊ ဂျွန်စတုန်းတို့ဟာ စောစောလေ့ကျင့် ရေးကွင်းကို    ပြန်လာဖို့မရှိပါဘူး။ တစ်ဖက်မှာတော့ မန်စီးတီးဟာ ကိုဗစ် ကြောင့် ပရက်စတန်နဲ့ ခြေစမ်းပွဲကို ကွင်းပိတ်ကစား သွားဖို့ရှိနေပါတယ်။                                                  

(SO)






အခြားဆက်စပ်သတင်းများ