နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်လူဦးရေ ၉၀ ရာခိုင်နှုန်း ရာသီမရွေး ကျေးလက်လမ်းများအသုံးပြုနိုင်ရေး ဦးတည်

ရန်ကုန် ဇူလိုင် ၂၁


မြန်မာနိုင်ငံသည် ဆင်းရဲ နွမ်းပါးမှု စစ်တမ်းအရ ၂၀၂၀ ပြည့်နှစ်တွင် ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း လျော့ကျလာခဲ့ သော်လည်း ဆင်းရဲနွမ်းပါး မှု ကျဆင်းနေဆဲဖြစ်သော ကျေးလက်ဒေသများတွင် ဆင်းရဲ နွမ်းပါးမှုလျော့ကျရေးကို ဆက် လက်ဆောင်ရွက်လျက်ရှိသည်။


ကမ္ဘာ့ ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်အရ နိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းတစ်ဝက်ဖြစ်သော ၁၆ ရာခိုင်နှုန်းသို့ လျှော့ချရမည် ဖြစ်ရာ နိုင်ငံတော်အစိုးရက ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။


ယင်းအစီအစဉ်အရ ကျေး လက်လမ်းများ ဖွံ့ဖြိုးရေးဦးစီး ဌာန၏ မဟာဗျူဟာ ရည်မှန်း ချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ် တွင် မြန်မာတစ်ပြည်လုံးရှိ ကျေးရွာများ၏ ၈၀ ရာခိုင်နှုန်း နှင့် ကျေးလက်လူဦးရေ ၉၀ ရာခိုင်နှုန်း ရာသီမရွေးသွားလာ နိုင်သော ကျေးလက်လမ်းများ အသုံးပြုနိုင်ရေးကို ဦးတည် ဆောင်ရွက်လျက်ရှိသည်။

ယခုအခါတွင် မြန်မာနိုင်ငံ အတွင်း လူဦးရေ ၁၀၀၀ နှင့် အထက်ရှိ ကျေးရွာများကို ၂၀၂၀ ပြည့်နှစ်တွင် လည်းကောင်း၊ လူဦးရေ ၅၀၀ နှင့်အထက်ရှိ ကျေးရွာများအားလုံး၏ ၉၅ ရာခိုင်နှုန်းနှင့် လူဦးရေ ၂၅၀ အောက်ရှိ ကျေးရွာများအားလုံး ၏ ၅၀ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ် တွင် ရာသီမရွေးသွားလာနိုင် သော လမ်းများဆောင်ရွက်ပေး ရန် စီစဉ်လျက်ရှိသည်ဟု  သိရ သည်။


မြန်မာနိုင်ငံတွင် လက်ရှိ ကျေးရွာပေါင်း ၅၇၂၂၈ ရွာ၊ ရွာ အားလုံး၏ ၅၀ ရာခိုင်နှုန်း (လူဦးရေ ၁၄ သန်း) အတွက် ရာသီမရွေးသွားလာနိုင်သော လမ်းများမရှိသေးသဖြင့် ယင်း ကိစ္စကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။            မြတ်စိုး (လှိုင်)






အခြားဆက်စပ်သတင်းများ