နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မအူကုန်း ကိုဗစ်-၁၉ လူနာများကုသရေးစင်တာ ဖွင့်လှစ်ပြီးလူနာများ စတင်လက်ခံ

ရန်ကုန် ဇူလိုင် ၂၁


ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင် များ၊  ရန်ကုန်တိုင်း စစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ကော်မတီဝင်များသည် ယနေ့ ညနေပိုင်း၌ မင်္ဂလာတောင်ညွန့် မြို့နယ်၊ မအူကုန်း၊ စက်ရုံလမ်း ရှိ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဝန်ထမ်း သင်တန်းကျောင်းဝင်းအတွင်း ကိုဗစ်-၁၉ လူနာကုသရေး မအူကုန်း စင်တာ ဖွင့်လှစ်ပြီး လူနာများ စတင်လက်ခံရန် ပြင်ဆင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့သည်။


မအူကုန်း စင်တာတွင် အဆောင် လေးဆောင်ပါဝင်၍ လူနာ အင်အား ၁၀၀ ဦး ထားရှိနိုင်ရေး နေရာထိုင်ခင်း ပြင်ဆင်ထားပြီး လူနာများ အောက်စီဂျင် လိုအပ်ချက် အတွက် 10 Litre OXYGEN CONCENTRATOR ၂၀ လုံးနှင့် အရန်မီးစက် တစ်လုံး အဆင်သင့် ပြင်ဆင် ဆောင်ရွက် ထားရှိကြောင်း သိရသည်။


ထို့နောက်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့်အဖွဲ့သည် စင်တာ အတွင်း လူနာများအတွက် ဆောင်ရွက်ထားသည့် ရေချိုး ခန်း၊ အိမ်သာများ၊ ကုသရေး အဖွဲ့များနှင့် လုပ်အားပေး အဖွဲ့များ ထားရှိရန်နေရာများ၊ လူနာမှတ်ပုံတင်ခန်း၊ ဆရာဝန် အဆောင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် ပတ်ဝန်းကျင်ကို ထိခိုက် သက်ရောက်မှုနှင့်ကူးစက် ပျံ့နှံ့မှုမရှိစေရေး စီစဉ်ထားမှု တို့ကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။ အဆိုပါစင်တာကို ဇူလိုင် ၂၀ ရက် ညနေပိုင်းမှစတင်၍ လက်ခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ယင်းနောက် ရန်ကုန် တိုင်းကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူး နှင့် တာဝန်ရှိသူများသည် ဝန်ထမ်းသင်တန်းကျောင်းဝင်း အတွင်းရှိ အစည်းအဝေးခန်းမ တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် အောက်စီဂျင် လိုအပ်နေသော ပြည်သူများ ၏ လက်ဝယ်သို့ အမြန်ဖြန့်ဖြူး ပေးရေး ကိစ္စရပ်များနှင့် ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အကျယ်တဝင့် ဆွေးနွေးခဲ့ကြ သည်။     ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ