နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချမည်

ရေနံချောင်း ဇူလိုင် ၂၁


မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့နယ်စည်ပင်သာယာရေးဖွဲ့၏၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ(၃၁)ရက်နေ့အထိ၊ ၆ လ တာကာလအတွက် အရပ်ရပ်အခွင့် အရေးလိုင်စင် ၂၀ ခုအား ရေနံ ချောင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးတွင်ဇူလိုင် ၂၈ ရက်၌ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။


လေလံတင်ရောင်းချမည့်လိုင်စင် များမှာ မြို့မအမဲခုံ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)လိုင်စင်၊ ကုက္ကိုခွကျေးလက် လိုင်စင်၊ ဥသျစ်ကုန်းကျေးလက်လိုင် စင်၊ ဂွေးကုန်းကျေးလက်လိုင်စင်၊  ဝက်မစွတ်ကျေးလက်လိုင်စင်၊ ဆိတ် သား သတ်ခုံ လိုင်စင်(၁)၊ (၂)၊ မြေနီခင် ဈေးကောက်၊ မြို့မဈေးကြီးအိမ်သာ ကောက်၊ မြို့မဈေးကြီး ဆိုင်ကယ် အပ်နှံခွင့်လိုင်စင်၊ ကျည်းကြီးငါးလန္တာ ကုတို့၊ မြို့မဈေးကြီးဈေးကောက်လိုင် စင်၊ လမ်းဘေးဈေးကောက်၊ဆိပ်ကမ်း ကောက်လိုင်စင်၊ ကျွဲ၊ နွား ပွဲဈေး ကောက်လိုင်စင်တို့ဖြစ်ပြီး လေလံဆွဲ ဝယ်သူများသည် လျှောက်လွှာများကို ဇူလိုင်   ၂၆ ရက် နောက်ဆုံးထားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့လျှောက်ထားနိုင်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

ဆန်းညွန့်ရေနံချောင်း






အခြားဆက်စပ်သတင်းများ