နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်ရေး အထူးကြပ်မတ် ဆောင်ရွက်

မိုင်းကိုင် ဇူလိုင် ၂၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသည်  ဇူလိုင် ၁၉ နှင့်  ယနေ့တွင် ဟမ်းငိုင်းကျေးရွာ အတွင်း ထပ်မံတိုးပွားလာပြီး  ထိတွေ့ ဆက်နွယ်သူများလည်း  ပိုမိုများ ပြားလာသောကြောင့် ဇူလိုင်လ ၆ ရက်နေ့မှ ယနေ့ညနေပိုင်းအထိ အတည်ပြုလူနာပေါင်း ၉ ဦးရှိကာ ရောဂါဆက်လက်ပြန့်ပွားမှု မရှိစေ ရေးအတွက်  အများပြည်သူ ပူးပေါင်း ပါဝင်လာကြရေး လိုက်နာရမည့်အချက် များ အထူးကြပ်မတ်ဆောင်ရွက်လျက် ရှိရာ ဇူလိုင် ၂၀ ရက်ညနေ ပိုင်းတွင် နယ်မြေခံတပ်ရင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီ ပူးပေါင်းအဖွဲ့တို့က  အခြားဒေသ မှ ဖြတ်သန်းလာသော ယာဉ်များ ကို ရပ်နားခွင့်မပြုကြရန်၊ သူစိမ်း ဧည့်သည်များ လက်ခံခြင်းမပြု ကြရန်၊ တစ်အိမ်နှင့်တစ်အိမ်လည် ပတ်သွားလာခြင်း မပြုလုပ်ကြရန် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့် အချက်များကို တိကျ စွာလိုက်နာသွားကြရန် ရပ်ကွက်/  ကျေးရွာအုပ်စုများအတွင်း အသံချဲ့စက်  များဖြင့် ကွင်းဆင်းလှည့်လည်၍ ဆော် ဩမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရသည်။        

  ထက်ဦးယံ






အခြားဆက်စပ်သတင်းများ