နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်းသိုမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါပိုးကူးစက်ခံရသူ ၁၉ ဦး ထပ်မံတွေ့ရှိ

ဝန်းသို ဇူလိုင် ၂၁


စစ်ကိုင်းတိုင်းဒေသကြီး၊ ကော လင်းခရိုင်၊ ဝန်းသိုမြို့နယ်တောင်ကုန်း ကျေးရွာအုပ်စုရှိ MCS ရွှေသတ္တု ကုမ္ပဏီမှ အနံ့ပျောက်နေသူကျား/မ စုစုပေါင်း ၅၄ ဦး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက် ထောက် ဆရာဝန်တစ်ဦးနှင့်အတူ  နေထိုင်သူ တစ်ဦးတို့ကို ဇူလိုင် ၁၉ ရက်က ကိုဗစ်-၁၉ရောဂါပိုးရှိ /မရှိ RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ လက်ထောက်ဆရာ ဝန်တစ်ဦးအပါအဝင် ၁၉ ဦးတွင် ကိုဗစ်- ၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ယင်းအတည်ပြုလူနာများအနက်  MCS ရွှေကုမ္ပဏီမှ လူနာ (၁၇)ဦးအား အဆိုပါကုမ္ပဏီသီးသန့်ကုသ ဆောင်တွင်လည်းကောင်း၊ ကျန်လူနာ နှစ်ဦးကို  မြို့နယ်ပြည်သူ့ဆေးရုံ သီး သန့် ကုသဆောင်တွင်လည်းကောင်း အသီးသီးထားရှိ၍ ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ ဆေးကုသပေး လျက်ရှိပြီး ယင်းလူနာများနှင့် ထိတွေ့ သူများအား Home Quarantine ထားရှိကြောင်း သိရသည်။ 


ဝန်းသိုမြို့နယ်တွင် လက်ရှိ အချိန်ထိ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၁၀၆ ဦးရှိပြီဖြစ်ပြီး တစ်ဦးသေဆုံး မှုရှိကြောင်း သိရသည်။              ကျော်မြိုင်






အခြားဆက်စပ်သတင်းများ