နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရဘိန်းစုကျေးရွာတွင် ကွန်ကရစ်တံတားကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီး

နတ်တလင်း     ဇူလိုင် ၂၁


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန် ယူကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်သည့်  ကုလားတက်ထွန်း ကျေးရွာအုပ်စု၊ ရဘိန်းစုကျေးရွာတွင် ကွန်ကရစ်တံတား ကြမ်းခင်းပြုပြင် ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင် ရွက်ပြီးစီးကြောင်း သိရှိရသည်။


အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ထောက်ပံပေးခြင်း၊ နည်းပညာ များပံ့ပိုးကူညီပေးပြီး ကျေးရွာပြည်သူ လူထုကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်ရသည့် စီမံကိန်းဖြစ် ကြောင်း နတ်တလင်းမြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ထွန်း ထံမှသိရှိရသည်။


ရဘိန်းစုကျေးရွာ ကွန်ကရစ် တံတား အရှည် ၁၂၀ ပေ၊ အကျယ်၁၂ပေ ကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်အား၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၁၀ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း၊ အိမ်ထောင်စု ၈၁ စု၊  လူဦးရေ၂၆၄ ဦး အကျိုးပြုမည် ဖြစ် ကြောင်းယခုလိုကျေးရွာ ဖွံ့ဖြိုးရေး စီမံ ကိန်းဖြင့် ကွန်ကရစ်တံတားကြမ်းခင်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း အားဖြင့် ကျေးလက်နေပြည်သူများ ယခင်ကထက် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာပြီး ကျေးရွာရှိ စိုက်ပျိုးမြေ ဧက ၄၅၀ ဧကမှ ထွက်ရှိလာသော လယ်ယာထွက်ကုန် သီးနှံများကို စျေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာဖြင့်အလွယ် တကူ သယ်ယူပို့ ဆောင်နိုင်တော့မည်ဖြစ်ကြောင်းသိရှိရသည်။          ဖြိုးလေး






အခြားဆက်စပ်သတင်းများ