အမရပူရ၊ ဇူလိုင် ၂၁
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီခွဲတွင် အမရပူရမြို့နယ် မြစ်ငယ်ဘူတာ၌ ရန်ကုန်မြို့ မလွှကုန်း ဘူတာမှ မြစ်ငယ်ဘူတာသို့ ဆိုက် ရောက်လာသည့် အမှတ်(923-B) အဆန်ရထားကို စစ်ဆေးရှာဖွေရာ တွဲအမှတ် GBHV-40768 တွင် ပဲခူး ဘူတာမှ လူမဲ့တန်ဆာဖြင့် တင်ဆောင် လာသည့် အမိုနီယမ်နိုက်ထရိတ် အလေးချိန် ကီလို ၁၄၉၅၀ ကို လည်းကောင်း၊ ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၌ မစုစန္ဒီဝင်း မောင်းနှင်ပြီး မဘူးဘ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာစိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် ယင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။ ဆွေဦး