နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပသို့ တရားမဝင်တင်ပို့မည့် ကျွန်းသစ်ခွဲသားများ သိမ်းဆည်းရမိ

နေပြည်တော်၊  ဇူလိုင် ၂၁


Greater Deltar Force Co.,Ltd. Green Mung Bean (2021 Crop) တရုတ်နိုင်ငံသို့ တင်ပို့မည်ဟု ကြေညာ ထားသော ပေ ၂၀ ကုန်သေတ္တာနှစ်လုံး ကို သတင်းအရ အကောက်ခွန်ဦးစီး ဌာန၊ သစ်တောဦးစီးဌာန၊ ဆိပ်ကမ်း စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊  သတင်း တပ်ဖွဲ့ဝင် များ ပူးပေါင်း၍ အေးရှားဝေါ(လ်) ကုန်သေတ္တာဆိပ်ကမ်း၌ ဇူလိုင် ၁၇ ရက်က စစ်ဆေးခဲ့ရာ တရားမဝင် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၃၁၉ ချောင်း ၂၈ ဒသမ ၀၈၅၃ တန်ခန့်ကို စစ်ဆေး တွေ့ရှိခဲ့ပြီး အဆိုပါ တရားမဝင် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၃၁၉ ချောင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၂၁၃,၂၅၀၊ တရားမဝင် ကျွန်းသစ်ခွဲသားများထည့်သွင်းလာသော ကုန်သေတ္တာအခွံနှစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) နှင့် ကုန်သေတ္တာသယ်ဆောင်လာသည့် ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၄,၂၁၃,၂၅၀ ကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ