နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးစစ်ဆေးရေးဂိတ်ပြန်လည်ထားရှိပြီး ယာဉ်ဖြတ်သန်း သွားလာချိန်ကန့်သတ်ခြင်းနှင့် Mask Campaign ဆောင်ရွက်

ဆွမ်ပရာဘွမ်  ဇူလိုင် ၂၁


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို  မြစ်ကြီးနား - ဆွမ်ပရာဘွမ်- ပူတာအိုကားလမ်း ဆွမ်ပရာဘွမ်မြို့အဝင် ချစ်သူတံတား အနီးတွင် ဇူလိုင် ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ အချိန်မှ စ၍  ကျန်းမာရေး စစ်ဆေးရေးဂိတ်ပြန်လည် စတင်ဖွင့် ခဲ့သည်။


ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား ကျန်းမားရေး စစ်ဆေးပေးခြင်း၊ ခရီးသွားရာဇဝင်များ မှတ်တမ်းထားရှိခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်- ၁၉ စည်းကမ်း ချက် များနှင့်အညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ကျန်းမာရေးစစ်ဆေး ရေး ဂိတ်ကို နံနက် ၇ နာရီ ခွဲမှ ညနေ ၆ နာရီ အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကျန်းမာရေး ဂိတ်ဖွင့်လှစ်နေမှုများကို စစ်ဆေးပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်ဇနီး ဒေါ်အေးအေး ကျော့ မိသားစုမှ ကိုဗစ်-၁၉ အလှူငွေ ကျပ်တစ်သိန်းနှင့် ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံအတွက် ဆေးပစ္စည်းတန်ဖိုးကျပ်တစ်သိန်းဖိုး လှူဒါန်း ပေးပြီး၊ မေခသစ္စာကုမ္ပဏီမှ အလှူ ငွေကျပ်ကိုးသောင်းကို လှူဒါန်းခဲ့ ကြောင်းသိရသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ကျန်းမာရေးစစ်ဆေး ရေးဂိတ်ရှေ့၊ စည်ပင်သာယာဈေးရှေ့၊ လမ်းဆုံ နေရာများတွင် Mask Campaign ပြုလုပ်၍ ခရီးသွားပြည်သူ များနှင့် မြို့နေပြည်သူများအား Mask ၁၀၀ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဇွဲမာန်






အခြားဆက်စပ်သတင်းများ