နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တွံတေးတွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြု လူနာ ၃၀၂ဦး တွေ့ရှိပြီး ဆင်းခွင့်ရသူ ၆၃ ဦးရှိ

ဇူလိုင်   ၂၁ 


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် မှုနှုန်းမြင့်မားလျက်ရှိရာ ယနေ့အထိ၊ ရောဂါရှာဖွေတွေ့ရှိသူ အတည်ပြု လူနာ ၃၂၀ ဦးတွေ့ရှိပြီး သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၃ ဦး၊ သေဆုံးသူ ၂၅ဦးရှိကာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။


မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများကို သက်ဆိုင်ရာ ဆေးရုံ၊ စင်တာများတွင်ထားရှိကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်း မာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှုမရှိရေး အတွက် သက်ဆိုင်ရာ Isolation Work တွင် ထားရှိပြီး ၎င်းတို့၏ Contact  Person တို့အား Home Quarantine  ထား၍ အသွားအလာ ကန့်သတ်စောင့်ကြည့်လျက်ရှိသည်။ 


တွံတေးမြို့နယ်အတွင်း ရောဂါ ကူးစက်ပြန့်ပွားမှုများ မဖြစ်စေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့မှ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများက ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။          


မြို့နယ် ပြန် /ဆက်






အခြားဆက်စပ်သတင်းများ