နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်၊  ဇူလိုင် ၂၀


တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခွဲတွင် ဘားအံမြို့နယ် ကော့တရုတ်ရကျေးရွာအုပ်စု ကော့ရန်းသော်ကျေးရွာအနီးတွင် အသီးမောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ် ဆေးပြား၂၀၀ ကိုလည်းကောင်း၊ စစ်ဆေး ပေါ်ပေါက်ချက်အရ မွန်းလွဲ ၁၂ နာရီခွဲတွင် လှိုင်ကဘာကျေးရွာအုပ်စု ကော့ဒန် ကျေးရွာ အနီးတွင် စောထွန်းအောင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကိုလည်းကောင်း၊  မွန်းလွဲ ၂ နာရီတွင် ရွှေပြည်အေးကျေးရွာနေ သောင်းနိုင်ရှိန်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။


ထို့ပြင် ဇူလိုင် ၁၇ ရက် ညနေ ၄ နာရီ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာအုပ်စုဆင်သေ ကျေးရွာအနီးရှိ တောင်ယာတဲတွင် မသင်္ကာဖွယ် တွေ့ရှိသူ ထွန်းကိုကိုအား စစ်ဆေးရှာဖွေရာ ယင်းထံမှ ဘိန်းဖြူ သုည ဒသမ ၂၈၈ ကီလိုကိုလည်းကောင်း၊ ဇူလိုင် ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့နယ် မူဆယ်-မန္တလေး သွားကားလမ်းမိုင်တိုင် အမှတ် (၈၀/၄)အနီး တွင် အောင်ခိုင်(ခ)ဂျာအင်း မောင်းနှင်လာ သည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ကို လည်းကောင်း၊ ဇူလိုင် ၁၈ ရက် မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် မယ်ယန်းကျေးရွာနေ စိုင်းကွတ်ရှိန်၏ နေအိမ်သို့ သတင်းအရ ဝင်ရောက် ရှာဖွေရာစိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ