နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါယာကြိုးအပူလွန်ကဲမှုကြောင့် နေအိမ်သုံးလုံး မီးလောင်

မအူပင်၊  ဇူလိုင် ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အိုင်ဝိုင်းကျေးရွာအုပ်စုတာကောက်ကျေးရွာရှိ ပိုင်ရှင်ဦးတင်ဝင်း၏ နေအိမ်တွင် ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ အိုင်ဝိုင်း ကျေးရွာအုပ်စုတာကောက် ကျေးရွာရှိ ပိုင်ရှင်ဦးတင်ဝင်း၏ နေအိမ်သို့ ဓာတ်တိုင်မှ သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲ၍ အိမ်အတွင်းရှိ မိန်းခုံမှစတင်၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ပိုင်ရှင်ဦးတင်ဝင်း၏ ၁၀'x၁၃'ပေ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းလူနေအိမ်တစ်လုံး၊ မီးကူး စက်ခံရသော ပိုင်ရှင်ဦးလှမျိုးအောင်၏ ၁၀'x၁၃' ပေသွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းလူနေအိမ်တစ်လုံးပိုင်ရှင်ဦးလွှမ်းမိုးကျော်၏ ၁၀'x၁၃' သွပ်မိုး၊ဝါးထရံကာ၊ပျဥ်ခင်းလူနေအိမ်တစ်လုံးစုစုပေါင်းလူနေအိမ်သုံးလုံးမီးလောင်ခဲ့ကြောင်းသိရသည်။


မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ် ဦးစီးမှူးဦးစီးအရာရှိ ဦးဇော်မျိုးဌေး ဦးဆောင် ၍ သန္ဓေတပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၃၀ ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပြည်သူများစုပေါင်း၍ မီးငြှိမ်းသတ်ယာဉ်လေးစီး၊ ရေသယ်ယာဥ်(၁)စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ် ခဲ့ရာ နံနက် ၁၁နာရီ အချိန်ခန့်တွင် မီးငြိမ်းခဲ့ ကြောင်းသိရသည်။


မီးလောင်မှုကြောင့် စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၄၅၀၀၀ဝ/- ခန့်ရှိပြီး ပိုင်ရှင်ဦး တင်ဝင်း (ဘ)ဦးစံငြိမ်းမှတ်ပုံတင် အမှတ် ၁၄/ မအပ(နိုင်)၀၅၅၄၁၄ အသက်(၇၁)နှစ်ကို မအူပင်မြို့မရဲစခန်းမှ ပုဒ်မ(၂၈၅)(ပ- ၂၁၉/၂၀၂၁)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုမရှိကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှသိရသည်။    ခရိုင်ပြန်/ ဆက်(မအူပင်)






အခြားဆက်စပ်သတင်းများ