နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗောက်ပျောက်စေသော ပင်လယ်ရေ / အဆုတ်သန့်စေသော ပင်လယ်ရေ

မတ် ၃၁ COVID-19 ကြောင့် လူစုလူဝေးနှင့်သက်ဆိုင်သည့်ပွဲများကို မဆောင်ရွက်ရန် နိုင်ငံတော်က ညွှန်ကြားထားသော်လည်း ငွေဆောင်၊ ချောင်းသာကဲ့သို့ကမ်းခြေများကို သင်္ကြန်ကာလအတွင်း ပိတ်ရန် မရှိကြောင်း သိရပါတယ်။ သို့သော် ကမ်းခြေများသို့ လာရောက်သောဧည့်သည်များကို ဟိုတယ်များ နှင့် သက်ဆိုင်ရာဌာနများက လူတစ်ဦးချင်း၏ ကိုယ်ရေးအချက်များတောင်းယူခြင်း၊ ယင်းတို့ရောက်ရှိ ထွက်ခွာချိန်များကို မှတ်တမ်းတင်ခြင်းများဆောင်ရွက်ရန် ညွှန်ကြာထားကြောင်း လေ့လာသိရှိရပါတယ်။ ထို့ကြောင့် နွေရာသီကျောင်းပိတ်၊ ရုံးပိတ်ရက်တွေမှာ ခရီးဝေးလည်းမဟုတ်သော၊ ကုန်ကျစရိတ် သိပ်မများဘဲ အမြင်သစ်ခံစားချက်အသစ်ဖြင့် အမှန်ပင်စိတ်အပန်းပြေစေနိုင်သော ခရီးစဉ်တစ်ခု သွားမည်ဆိုပါက ပင်လယ်ကမ်းခြေသို့သွားရန် သင့်တော်ပါကြောင်း စာရေးသူကအကြံပေးချင်ပါတယ်။ ပင်လယ်ရေစိမ်ခြင်းက အကြောအချဉ်ညောင်းညာပြေခြင်း၊ သွေးလည်ပတ်မှု အားကောင်းခြင်း၊ အရေပြားသန့်စေခြင်း၊ အဖောအရောင်ကျစေခြင်း၊ အရေပြားမှိုစွဲယားယံခြင်းကို သက်သာပျောက်ကင်း စေခြင်း စတဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာကို ရရှိနိုင်ပါတယ်။ ထို့အပြင် နံနက်စောစောထ၍ ပင်လယ်လေကို တဝကြီးရှူရှိုက်ခြင်းကြောင့် အဆုတ်သန့်စေတဲ့အတွက် COVID-19 ကို တစ်ဖက်တစ်လမ်းမှ ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။ ဗောက်ပျောက်စေသော ပင်လယ်ရေ ********************** မတ်လ ဒုတိယပတ်အတွင်း စာရေးသူတို့မိသားစု ချောင်းသာကမ်းခြေကို အပန်းဖြေသွားခဲ့ကြပါတယ်။ စာရေးသူက မွေးရာပါခန္ဓာကိုယ်တွင်း အပူဓာတ်များသူဖြစ်တာကြောင့် ဦးရေပြားဗောက်ထလေ့ရှိပါတယ်။ ဈေးကြီးသော နံမည်ကြီး ဗောက်ပျောက်ခေါင်းလျှော်ရည် (Shampoo) တချို့ကို သုံးစွဲပါသော်လည်း ခေါင်းလျှော်ပြီး ၃ - ၄ ရက်လောက်အတွင်းမှာပင် ဦးရေပြားယားယံဗောက်ထမြဲပါပဲ။ ဆားကြမ်းက ဗောက်မှိုစွဲခြင်းကိုသက်သာစေကြောင်း စာတွေမှာဖတ်ရပေမယ့် မိမိခေါင်းကို ဆားကြမ်းနဲ့ပွတ်ရမှာကို မဝံ့ရဲဖြစ်နေတာကြောင့် မစမ်းသပ်ဖြစ်ခဲ့ပါဘူး။ အချိန်ပေးလုပ်ရမှာကို ပျင်းတယ်လို့ပဲဝန်ခံပါရစေ။ ချောင်းသာခရီးစဉ်မှာ ပင်လယ်ရေထဲ ဦးခေါင်းပါနှစ်စိမ်ခဲ့ပြီး တစ်ခေါင်းလုံးကို ပင်လယ်ရေ(ဆားငန်ရေ)ဖြင့် အားရပါးရကုတ်ခြစ်ခဲ့ပြီး တည်းခိုဆောင်ဘန်ဂလိုရောက်တဲ့အခါ သဘာဝရေ(ရေချို)ဖြင့် မိမိလျှော်နေကျ Shampoo သုံးကာ ခေါင်းလျှော်ပါတယ်။ ထိုနည်းအတိုင်း ချောင်းသာ(၂)ရက်တာခရီးမှာ နှစ်ကြိမ်တိတိ ဆားငန်ရေဖြင့် ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်ပြန်ရောက်ပြီး (၇)ရက်ပြည့်သည်အထိ မိမိခေါင်းမှာ ဗောက်လုံးဝ ယားယံခြင်းမဖြစ်တာကို လက်တွေ့သိရပါတယ်။ ဒါကြောင့် ဦးခေါင်းဗောက်စွဲသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အပန်းဖြေပင်လယ်ကမ်းခြေ ခရီးသွားကြတဲ့အခါ ပင်လယ်ရေထဲကို ခေါင်းပါနှစ်စိမ်ပြီး ဦးရေပြားအနှံ့ ကုတ်ခြစ်လျှော်ကြပါရန် စာရေးသူမှ တိုက်တွန်းချင်ပါတယ်။ ပင်လယ်ကမ်းခြေခရီး မသွားနိုင်သေးသူများကလည်း ဆားကြမ်းကို ရွေးချယ်ဝယ်ယူ၍ ဆားကြမ်းရေဖြင့် သုံးနိုင်ပါတယ်။ သို့သော် အိုင်အိုဒင်းဆားနှင့် ဖြူမှုန့်ညက်နေသော ဆားများက ဗောက်အတွက်အာနိသင်မဖြစ်စေပါဘူး။ သတိပြုရမည့်အချက်များ ***************** ပင်လယ်ဆားငန်ရေက အထက်ပါအတိုင်း ဦးခေါင်းဗောက်စွဲရောဂါအတွက် ဆေးဖက်ဝင် သော်လည်း ပင်လယ်ရေစိမ်ပြီးနောက် ခေါင်းကို သဘာဝရေချိုဖြင့်စင်ကြယ်အောင် ပြန်မလျှော်နိုင်ပါက ဆံသားခြောက်သွေ့ပျက်စီးစေပါတယ်။ ဒါကြောင့် အောက်ပါအတိုင်း မဖြစ်မနေပြုမူဆောင်ရွက်ပေးသင့်ပါ တယ်။ - ပင်လယ်ရေစိမ်ပြီးနောက် သဘာဝရေဖြင့် ခေါင်းကိုရွှဲရွှဲစိုအောင် ထပ်ခါထပ်ခါလောင်းပါ။ - ပြီးမှ မိမိသုံးနေကျ Shampoo ဖြင့် ခေါင်းလျှော်ပါ။ - ဆံပင်ကို ရေသုပ်ပုဝါဖြင့် ခပ်ကြမ်းကြိမ်းမပွတ်ရ။ - ဆံပင်ရေ စိုထိုင်းထိုင်းအနေအထားမှာ အုန်းဆီ (သို့မဟုတ်) ခေါင်းလိမ်းဆီ တစ်ခုခုလိမ်းပါ။ ဗီတာမင်အီးဆေးလုံးအဆီကို ဖောက်၍လည်းလိမ်းနိုင်ပါတယ်။ ဤနည်းဖြင့် ဆံသားတွေကို ရေဓာတ် ခမ်းခြောက်ခြင်းမှ ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ - ဖြစ်နိုင်ရင် ဆံပင်အခြောက်ခံ လေမှုတ်စက်မသုံးဘဲ၊ သူ့အလိုလို သဘာဝလေဖြင့်သာ ဆံပင် အခြောက်ခံပါ။ - အကယ်၍ အခြောက်ခံလေမှုတ်စက်ကို မဖြစ်မနေသုံးဖို့လိုအပ်ပါက အပူရှိန်နှုန်းခလုတ်ကို low (သို့မဟုတ်) Medium သို့ လျှော့ချ၍သုံးပါ။ - ဆံသားအတွက်သာမက၊ ခန္ဓာကိုယ်တစ်ခုလုံး ရေဓာတ်ခမ်းခြောက်၍ အသားခြောက်သွေ့ခြင်းမှ ကာကွယ်ရန်အတွက် ရေများများ သောက်ပေးပါ။ (ရေခဲရေမဟုတ်ပါ) - အုန်းစိမ်းရေ ချိုချိုလေးကလည်း ဆံသားနှင့် အသားအရေကို စိုပြည်အားဖြည့်ပေးနိုင်တဲ့အပြင် နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ အလှအပ မြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေ။ ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ