နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဦးခေါင်းခွံကွဲအက်ဒဏ်ရာရပြီးနောက်ဝုဗ်အတွက် ပထမဆုံးပွဲထွက်လာတဲ့ ဂျီမီနက်ဇ်

ဇူလိုင်   ၁၉


ရာအူးလ်ဂျီမီနက်ဇ်ဟာနိုဝင်ဘာလ က ဦးခေါင်းခွံကွဲအက်တဲ့ဒဏ်ရာရရှိခဲ့ ပြီး နောက်အခုအခါမှာတော့ဝုဗ်အတွက် ပထမဆုံးအကြိမ်အဖြစ် ခရူဝီအလက် ဇန်းဒါးနှင့်ခြေစမ်းပွဲအဖြစ်ကစားခဲ့တဲ့ပွဲမှာ ပွဲထွက် ၁၁ ယောက်စာရင်းမှာပါဝင် ခဲ့ပါတယ်။


ဒီပွဲဟာနည်းပြသစ်ဘရူနိုလာဂီရဲ့ လက်အောက်ပထမဆုံးပွဲလည်းဖြစ် ပါတယ်။ ဂျီမီနက်ဇ်ဟာနိုဝင်ဘာလ တုန်းက အာဆင်နယ်နှင့်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒေးဗစ်လူးဝစ်ဇ် နှင့်ထိခိုက်မိခဲ့ပြီးဦးခေါင်းခွံကွဲအက်တဲ့ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ တိုက်စစ် မှူးဟာ လေ့ကျင့်ရေးနှင့် ပွဲစဉ်တွေမှာ ခေါင်းကိုကာကွယ်ဖို့ အထူးပြုလုပ်ထားတဲ့အကာကွယ်ကိုဝတ်ဆင်ကစားသွားရမှာဖြစ်ပါတယ်။


မက္ကဆီကိုလက်ရွေးစင်အသင်း နည်းပြမာတီနိုကတိုက်စစ်မှုးကို အသင်း ရဲ့လူစာရင်းမှာပါဝင်နိုင်တယ်လို့ပြောဆိုခဲ့ပေမယ့် ၂၀၂၀ အိုလံပစ်ပွဲစဉ်လူစာရင်းမှာတော့ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဂျီမီနက်ဇ်ဟာ ၂၀၁၈ ခုနှစ်တုန်းက ဝုဗ်သို့  ဘင်ဖီကာကနေအငှားဖြင့် လာရောက်ကစားခဲ့ပြီး ပရီးမီးယား လိဂ်ကလပ်ကပေါင်သန်း ၃၀ နဲ့အပြီး သတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သူဟာ ဝုဗ်အတွက် ၈၆ ပွဲကစားပေးထားပြီး ၃၄ ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကဒဏ်ရာမရမီအချိန်ထိ အသင်းအတွက် ၁၀ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။  

  (SO)






အခြားဆက်စပ်သတင်းများ