နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးနဲ့ပီတာဘရော့ခြေစမ်းပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ဇီယက်ရှ်နဲ့ဘရော်ဂျာ

ဇူလိုင်  ၁၉


ချဲလ်ဆီးအသင်းဟာခြေစမ်းပွဲ အဖြစ် ပီတာဘရော့အသင်းနဲ့ကော့ဘ် ဟမ်းကွင်းအတွင်း တံခါးပိတ်ကစား ခဲ့ရာမှာ ၆-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ပထမပိုင်းမှာ ပီတာဘရော့အသင်း ကပင်နယ်တီကနေ ဦးဆောင်ဂိုးရရှိခဲ့ တာဖြစ်ပြီး တမ်မီအေဘရာဟမ်က ချေပဂိုး၊ ပူလီဆစ်က ဦးဆောင်ဂိုးသွင်း ယူပေးခဲ့ပါတယ်။ 


ဒုတိယပိုင်းမှာ ချဲလ်ဆီးဟာ လူစားဝင်လာတဲ့ ဟာကင်ဇီယက်ရှ်ရဲ့ ဟက်ထရစ်၊ ဘရော်ဂျာရဲ့ သွင်းဂိုး တစ်ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲရရှိကာရာသီကြို အဖွင့် လှခဲ့ပါတယ်။ ဒီပွဲမှာမနှစ်က တူချယ်အကြိုက်မဖြစ်ခဲ့တဲ့ မော်ရိုကို သားလေးကသွင်းဂိုး ၃ ဂိုးသွင်းယူပေး ခဲ့ပါတယ်။ ထူးခြားတာကအဲဒီ (၃)ဂိုးစလုံးဟာ (၁၈)ကိုက်စည်းအတွင်း က သွင်းယူခဲ့တာပါ။ ယမန်နှစ်က မန်စီးတီးနဲ့ အက်ဖ်အေဖလား၊ အက်သ လက်နဲ့ဒုတိယအကျော့တို့မှာ သူသွင်း ယူခဲ့တဲ့သွင်းဂိုးတွေကလည်း ဒီလို ဧရိယာအတွင်းက ပဲသွင်းယူပေးခဲ့တာ ပါ။ ကွင်းလယ်ဖန်တီးရှင်အဖြစ်သာ လူသိများတဲ့ဇီယက်ရှ်ရဲ့ box အတွင်းက စွမ်းရည်တွေကိုတော့နည်းပြသောမတ်စ်တူချယ်အသုံးချတတ်ဖို့တော့ လိုပါတယ်။ 


ဒီခြေစမ်းပွဲမှာအသက် (၁၉)နှစ် အရွယ် အယ်ဘေးနီးယားလူငယ်ကြယ် ပွင့်ဘရော်ဂျာဟာလူစားဝင်လာပြီး တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါ တယ်။ ဒါကြောင့်ဒီပွဲအပြီးမှာပဲ ချဲလ်ဆီး အကယ်ဒမီထွက်ကိုစာချုပ်သက်တမ်း (၅)နှစ်ချုပ်ဆိုလိုက်ကြောင်းသတင်း တွေထွက်ပေါ်လာပါတယ်။    

(SO)






အခြားဆက်စပ်သတင်းများ