နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူငယ်နှင့် ပရဟိတ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေး အဖြစ်များသောကာလဖြစ်သည်။ လူ့ပယောဂကြောင့်ဖြစ် သော ဘေးများကိုတားဆီး၍ ရကောင်းရမည်ဖြစ်သော်လည်း သဘာဝပယောဂကြောင့်ဖြစ်သောဘေးများကို တားဆီး၍ ရနိုင်မည်မဟုတ်ပေ။ ယနေ့အချိန်အခါတွင် သဘာဝပယောဂ ကြောင့် ဘေးအဖြစ်များလာပြီး ဘေးကြောင့် လူ့အသက်အိုး အိမ်၊ စည်းစိမ်များ အခြေခံအဆောက်အအုံများနှင့် သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးမှုများသည်လည်း ပိုမိုများပြား လာလျက်ရှိသည်။


သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့၏အန္တရာယ်ကို လျင် မြန်စွာရင်ဆိုင်တုံ့ပြန်ကျော်လွှားရာတွင် ပရဟိတလူငယ်များ ၏ တက်ကြွစွာပါဝင်ဆောင်ရွက်မှုသည် အလွန်ထိရောက် အကျိုးရှိပေသည်။ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ပါက တုံ့ပြန်နိုင်သော    စွမ်းအားစုတစ်ရပ်အနေဖြင့်သော်လည်းကောင်း သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကိုယ်တိုင် ကိုယ်ကျ ဦးစီးဆောင်ရွက်နိုင်သော ပရဟိတလူငယ်များ၊ အမြဲ အဆင်သင့်ဖြစ်နေစေရန်   ပရဟိတလူငယ်အင်အားစုများ များစွာလိုအပ်သည်။


လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေး    စေတနာ့ဝန်ထမ်းလူငယ်များ အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက နည်းပြသင်တန်းများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဒေသများတွင် ယခင်က ဖွင့်လှစ်ဖို့ချပေးခဲ့ပေ သည်။


မြန်မာနိုင်ငံမှ လူငယ်အများစုသည် ပရဟိတစိတ်ဓာတ် ပြည့်ဝပြီးဖြစ်ပေါ်လာခဲ့သော သဘာဝဘေးအန္တရာယ်များတွင် အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံမှု၊ ရိုးသားကြိုးစား မှုပုံရိပ်များက ကမ္ဘာကပင် အသိအမှတ်ပြုကြရပေသည်။


သဘာဝဘေးအန္တရာယ်ကိုတုံ့ပြန်ရာတွင် မြန်မာလူမျိုး များသည် လူမှုရေးစိတ်ဓာတ်ရှိကြပြီး အခက်အခဲအကျပ် အတည်းများဖြစ်ပေါ်လာပါက ဝိုင်းဝန်းလှူဒါန်းသော အလေ့ အထရှိကြသည်။ တတ်နိုင်သည့်သူက မျှတလှူဒါန်းသကဲ့သို့ ချမ်းသာသောသူများက ကျပ်သိန်းပေါင်းများစွာ အလှူရှင် အဖြစ် လှူဒါန်းပံ့ပိုးပေးကြသည်။ 

သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ရာတွင် ဘက်စုံ ကဏ္ဍစုံမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပရဟိတ လူငယ်များ၏အင်အားကို    ခိုင်မာတောင့်တင်းစေချင် ကြောင်း ။






အခြားဆက်စပ်သတင်းများ