နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်လျှပ်စစ်ရုံးတွင် အကြမ်းဖက်သူများမှ အဝေးထိန်းစနစ်ဖြင့် လက်လုပ်မိုင်းတစ်လုံးဖောက်ခွဲ အမျိုးသား၅ ဦးနှင့်အမျိုးသမီး ၅ ဦးထိခိုက်ဒဏ်ရာရ

မန္တလေး ဇူလိုင် ၁၇

ဇူလိုင် ၁၆ ရက် နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၂၈ လမ်း၊ ၆၄ လမ်းနှင့် ၆၅ လမ်း အကြားရှိ မြို့နယ်လျှပ်စစ်ရုံး၌ ပြည်သူလူထု ၃၀ ဦးခန့် မီတာဆောင်ရန် စောင့်ဆိုင်းနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့ရာ မီတာ ဆောင်သည့် ကောင်တာအနီး ရပ်တန့် ထားသည့် Yinxing  အမျိုးအစား ဆိုင်ကယ်အတွင်းမှ လက်လုပ်မိုင်း တစ်လုံး  ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း  စစ်ဆေးတွေ့ရှိရသည်။ အဆိုပါပေါက်ကွဲ မှုကြောင့် လျှပ်စစ်မီတာရုံး အဆောက် အဦ အမိုးလန်ပျက်စီးခဲ့ပြီး လျှပ်စစ် ရုံးဝန်ထမ်းအမျိုးသား ၃ ဦး(တစ်ဦး စိုးရိမ်ရ)နှင့် အမျိုးသမီး ၄ ဦး(မစိုး ရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး မီတာခ ဆောင်ရန် ရောက်ရှိနေသည့် ပြည်သူ အမျိုးသား ၂ဦး၊  တစ်ဦးစိုးရိမ်ရနှင့် အမျိုးသမီးတစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာ များ ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ် သက်၍ ရုံးတွင် တပ်ဆင်ထားသော CCTV  မှတ်တမ်းကို   ကြည့်ရှုစစ်ဆေးခဲ့ရာ နံနက် ၉ နာရီ ၂၃ မိနစ်အချိန်တွင် အင်္ကျီ အဝါရောင်လက်ရှည်နှင့် ဂျင်းဘောင်းဘီ နက်ပြာရောင်တွဲ၍   ဝတ်ဆင်ထားပြီး ပန်းရောင်ပိုက်ဆံအိတ်ကို  လွယ်ထား သည့် အမျိုးသမီး ၁ ဦးသည် အဆိုပါ ရုံးအတွင်းသို့ Yinxing အမျိုးအစားမော်တော်ဆိုင်ကယ်ကို မောင်းနှင် ရောက်ရှိလာပြီး အဆိုပါ ဆိုင်ကယ်ကို မီတာဆောင်သည့် ကောင်တာအနီး၌ ရပ်တန့်ထားခဲ့ကာ ရုံးအပြင်ဘက်သို့ လမ်းလျှောက် ထွက်ခွာသွားခဲ့ပြီး နံနက် ၉ နာရီခွဲ အချိန်တွင် အမျိုးသားတစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ ယင်းအမျိုးသမီးကို ခေါ်ဆောင်သွားခဲ့ ပြီး ယင်းအမျိုးသမီးထွက်ခွာသွား ပြီး ၁၀ မိနစ်ခန့်အကြာတွင် ယင်းရပ် တန့်ထားခဲ့သည့် ဆိုင်ကယ်အတွင်း ရှိ အဖြူရောင် keypadဖုန်း ဖြင့် ချိတ်ဆက်ပြုလုပ်ထားပြီး အဝေး ထိန်းစနစ်ဖြင့် ဖောက်ခွဲသည့် လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ