မိုင်းယောင်း ဇူလိုင် ၁၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီ လိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပါဟုတ် ကျေးရွာအုပ်စု၊ လွယ်ဝမ်ကောင်း ကျေးရွ ၌ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက ဘက်ထရီအိုး အပူလွန်ကဲရာမှ လူနေ အိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာဦးအိုက်ကျဲန်းနေအိမ်တွင် ဆိုလာပြားနှင့် ချိတ်ဆက်ထားသော ဘက်ထရီအိုး အပူလွန်ကဲ၍ မီးစတင် လောင်ကျွမ်းခဲ့ပြီး လူနေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
မီးဘေးသင့်သူများအားကျေးရွာ ဘုန်းကြီးကျောင်းတွင် ယာယီနေထိုင် ရန် စီစဉ်ထားပေးပြီး မီးဘေးသင့် အိမ်ထောင်စုများအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးနေမြတ်သူနှင့်အဖွဲ့က အိမ်ထောင်စု တစ်စုလျှင် ဆန် ၆ ပြည်၊ စား သုံးဆီ(ဗူးကြီး) ၁ ဗူး၊ ဆားတစ်တွဲ၊ ဟင်းချိုမှုန့် (အထုပ်ကြီး) ၁ ထုပ်၊ ဒန်အိုး ၁ လုံးနှင့် ငွေသားကျပ် သုံးသောင်းကို အသီးသီး ထောက်ပံ့ပေးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မီး ပေါ့ဆစွာ သုံးစွဲသူ ဦးအိုက်ကျဲန်းအား မိုင်းယောင်းမြို့မရဲစခန်းက အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)