နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်နဲ့ဈေးသည်

ကျွန်တော်ကိစ္စတစ်ခုနဲ့ ဈေးထဲကို မနေ့က ခဏရောက်ဖြစ်ခဲ့ရာအချိန် အားဖြင့် နံနက် ၇ နာရီခွဲ ဝန်းကျင် လောက်ကပေါ့။ ဈေးသွားရာ  လမ်းတစ် လျှောက်မှာလည်း ကိုဗစ်(တတိယ လှိုင်း) ဒဏ်ကြောင့် ဆိုင်ပိတ်သူတွေ က ပိတ်ဖွင့်သူတွေကဖွင့်နဲ့ အများစု ကတော့ဆိုင် ပိတ်ကြတာများတာကို မြင်တွေ့ခဲ့ရပါတယ်။ ကူးစက်ခံရမှာ ဆိုးလို့ ပိတ်ကြတယ်။ အကြောင်း အမျိုးမျိုးစုံလင်စွာနဲ့ပေါ့။
ကိုဗစ်-၁၉ရောဂါ (တတိယလှိုင်း)နဲ့အတူ ဒီလောကမှာ မိသားစု စားဝတ် နေရေးကလည်း တစ်ဖက်က အလွန် ရေးပါနေပြန်ပါတယ်။ ပိုက်ဆံလက်ထဲ ရှိတဲ့ သူအဖို့ ဒီကာလမှာ အိမ်တွင်း အောင်းနေနိုင်ပေမယ့် လက်လုပ် လက်စား၊ နေ့စားသမားတွေနဲ့ တစ်နေ့ လုပ်မှ  တစ်နေ့စားရတဲ့သူတွေအတွက် ကြပြန်တော့လည်း အိမ်တွင်းအောင်း ပြီး မနေနိုင်။  အဲဒီအခက်အခဲတွေ ကြောင့်ပဲ  လူတန်းစားမျိုးစုံနဲ့ လူ့ ပတ်ဝန်းကျင်  အလွှာအသီးသီးက သူတွေဟာ အိမ်အပြင် မထွက်ချင် ပေမယ့်လည်း အပြင်ထွက်ရ၊ ဆိုင် မဖွင့်ချင်ပေမယ့်လည်း ဆိုင်ဖွင့်ကြရ ပါတယ်။ စားသောက်ကုန်၊ ဆေးဝါး နဲ့ လူ့အသုံးဆောင်ပစ္စည်းတွေစတဲ့ လိုအပ်ချက်တွေကြောင့် ကုန်စည် စီးဆင်းမှုကလည်း ပြတ်လပ်လို့ မရပြန် ပါဘူး။ မျိုးစုံပါပဲ။
တစ်ဖက်မှာလည်း မြို့နယ်စည်ပင် သာယာရေး နယ်နိမိတ်အတွင်းက စား သောက်ဆိုင်တွေ အားလုံးကို ဆိုင်ထိုင် စနစ်နဲ့ ရောင်းချခွင့်မပြုဘဲ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ Take Away  (ပါဆယ်စနစ်)နဲ့ ရောင်းချခွင့် ရရှိထားတာ ရှိပါတယ်။
အဲဒီထဲကမှ မင်းဘူးမြို့ဈေးကြီးထဲ က (မုန့်ဆိုင်လေးတစ်ဆိုင်) လက်လီ အရောင်းဆိုင်လေးပေါ့ ဈေးကြီးထဲ ရော အပြင်မှာပါ မုန့်ဆိုင်တော်တော် များများက မဖွင့်တော့ သူဆိုင်လေး တစ်ဆိုင် ဖွင့်တယ်ဗျ။ ဖွင့်တော့ မြို့နယ်အတွင်းက   ရောင်း/ဝယ် ဖောက်ကားသူတွေနဲ့ အဝယ်များ တော့ တာပေါ့။ အများဆို ကိုယ့်အလှည့် ရောက်ဖို့အရေး တော်တော် လေးကို  စောင့်လိုက်ရတယ်။  မုန့်ဝယ်ဖို့ စောင့်ရင်းနဲ့ ကိုဗစ်ကိုလည်း ကြောက် ရသေးတော့ အဝေးကနေပြီး ဖုန်း လေး ဖွင့်ကြည့်နေလိုက်ပါတယ်။ အဲ့ လို စောင့်ရင်းနဲ့  ကိုယ်အလှည့်က ရောက်မလာသေး။ အစ်ကို ခဏနော် အစ်ကိုတို့ အလှည့်ရောက်တော့မယ်နဲ့ ပြောတော့ အင်းဒါဆို ငါတို့အလှည့်က ရောက်တော့မယ်ပေါ့ နီးပြီဆိုပြီး ထပ် စောင့်လိုက်ရပြန်ပါတယ်။  အဲဒါနဲ့ ကိုယ့်အရင် ရှေ့ကရောက်နှင့်နေတဲ့ နယ်ဘက်ဈေးဝယ်လာတဲ့ အမျိုးသမီး တစ်ယောက်က အဲဒီဆိုင်မှာ ဈေးရောင်း နေတဲ့ ကောင်မလေးတစ်ယောက်ကို လှမ်းပြောတာကို ဖုန်းကြည့်နေရင်း နားထဲမှာ ခပ်လှမ်းလှမ်းကနေ ကြား လိုက်ပါတယ်။ "ဟဲ့ ကလေးမ  ညည်းဈေး ရောင်းနေတာ ဘာလို့ နှာခေါင်းစည်း (Mask) မတပ်ဘဲ ရောင်းနေတာလည်း တဲ့"အဲဒီတော့  ဈေးရောင်းတဲ့ ကောင်မ လေးခမျာ ဒီကာလ ဆိုင်ဝန်ထမ်းနည်း နည်းနဲ့ တောင်ပြေးလိုက် မြောက်ပြေး လိုက်နဲ့ သူတစ်ယောက်ထဲ ပါဆယ်တွေ ထုပ်ပိုးရင်း လုပ်ရပြန်တော့ မောလို့       ( အသက်ရှူရတာကျပ်လို့) ထင်ပါရဲ့         ( Mask) မတပ်ထားတာ ထင်ပါတယ်။ ဒါက ကိုယ့်အမြင်ပေါ့။
ဈေးရောင်းတဲ့ ကောင်မလေးပြန် ဖြေလိုက်တာက " ဒီလိုပဲ မတပ်ဖြစ်တာ အစ်မတဲ့" ပေါ့ပေါ့ပျက်ပျက်နဲ့ အဲဒီလို ပြန်ဖြေလိုက်တော့  ဈေးလာဝယ်တဲ့ အမျိုးသမီးက ဒေါကန်ပါလေရော။ " အဲဒါပြောတာပေါ့  ညည်းတို့က ဈေးရောင်းတယ် လူအများနဲ့ထိတွေ့ ပြောဆိုနေရတာ Mask ကလေးတော့ တပ်မှပေါ့ အေတဲ့"။ "ငါတို့ကလည်း မဖြစ်သာလို့ ဈေးလာဝယ်နေရတာ ညည်းတို့ကမှ စည်းကမ်းမလိုက်နာရင် ခုလိုဖြစ်နေတဲ့ ရောဂါက အားလုံးပျံ့ပြီး ကူးစက်နိုင်တယ်လေ" အစရှိသဖြင့် ဒေါနဲ့မောနဲ့ ပွစိပွစိ ပြောဆိုနေတော့တာ ပေါ့။ အဲလိုပြောလိုက်တဲ့အခါမှ ဈေး ရောင်းတဲ့ ကောင်မလေးက မေးချိတ် ထားတဲ့ Mask ကို ပြန်တပ်လိုက်တယ်။ အဲလိုပြောပြီးတာနဲ့တင် အားမရသေး ဈေးလာတဲ့ အမျိုးသမီးက ဆိုင်ပိုင်ရှင် ဆီကိုသွားပြီး ပြောပြန်တယ် (သွား တိုင်တာပေါ့ )။ "အစ်မ အစ်မဆိုင်က  ကောင်မလေးက ဈေးရောင်းနေပီးတော့ Mask ကို မတပ်ဘူး" တဲ့ ဆိုင်ရှင်ကလည်း ပြေစာတွေကို Calculator နဲ့ ပေါင်းပြီး တွက်ချက်နေရင်းက ပြန်ပြောလိုက်ပါ တယ်။ ဘယ်လိုပြန်ပြောလိုက်လည်းဆို တော့ "ဟုတ်တယ် ညီမရယ် အစ်မလည်း ပြောတာပဲ ပြောလို့လည်းမရပါဘူး (ပြောလို့လည်း မနိုင်ပါဘူး) အေတဲ့" ဒါနဲ့ ဈေးဝယ်အမျိုးသမီးက "ဟာ အစ်မက ဆိုင်ရှင်လေ ပြောမရလည်း ရအောင် ပြောရမှာလေ၊ ဒါမှ ရောဂါကူးစက်မှုက ကြိုတင်ကာကွယ်အရောက်မှာလေ" ဘာညာနဲ့ပြောပြီး  သူဝယ်ထားတဲ့ ပစ္စည်းဖိုး ငွေရှင်း ပြန်သွားပါလေရော ဗျာ။  ဟိုမှာက ပြောလို့မဆုံးသေးဘူး ဈေးဝယ်ပီးပြန်တာ ဈေးအပြင်တောင် မရောက်လောက်သေးပါဘူး ဈေးရောင်း တဲ့ကောင်မလေးက တပ်ထားတဲ့ Mask ကို မေးပြန်ချိတ် လိုက်ပါလေရော။ အေးရောဟ မိမိစိတ်ထဲ တွေးမိပြန်ပါ တယ်။
ဆိုလိုရင်းအကြောင်းကတော့ လူ တစ်ဖက်သားက ကိုယ့်အတွက် လိုလို့ ပြောတာလားမသိ၊ မလိုပဲ ပြောတာလား မသိဆိုတာကို စီးပွားရေးတစ်ခုထဲ အာရုံစိုက်မနေဘဲ ရှုထောင့်ပေါင်းစုံ ကနေ အလုပ်လုပ်ရင်းနဲ့ ပြန်လည်သုံး သပ်သင့်ပါတယ်။ သူက ဘာလို့အဲဒီလို ပြောဆိုနေရတာလည်းဆိုတာကို ဈေး ရောင်းသူရော ဈေးဆိုင်ပိုင်ရှင်အနေနဲ့က ရော လေးစားဖို့လိုပါတယ်။ ဒါ့အပြင် ကောင်းစွာ သိရှိလိုက်နာဖို့လည်း လိုအပ် ပါတယ်။ နှာခေါင်းစည်း Mask တပ်ဖို့ စည်းကမ်းလေးကို အမြဲဂရုတစိုက် နှိုးဆော်ပေးနေခြင်းက ကောင်းသော လုပ်ရပ်ပါ။ ( စည်းကမ်းကို လေးစား လိုက် နာသင့်)
ဒါကြောင့် ဈေးရောင်း/ဈေးဝယ်များ ဟာ စားသောက်ကုန် ကုန်ပစ္စည်းများကို သာ ဖြန့်ဖြုးရောင်းချတဲ့နေရာသာ ဖြစ် စေလိုပြီး ကိုဗစ်-၁၉ ရောဂါ First Wave ၊ Second Wave ၊ Third Wave တွေမှာ လက်ရှိရှိနေတဲ့ အင်အားနဲ့ ရောဂါဆိုးကြီး ကို တတ်စွမ်းသရွေ့ တွန်းလှန်နေပြီး သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်း၊  ဒေသခံ ပရဟိတအသင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေသော်လည်း မိမိတို့ ပြည်သူများက စည်းကမ်း လိုက်နာမှုမရှိ၊ စည်းကမ်းလိုက်နာမှု အားနည်းပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်တွန်းလှန်ဖို့ ထိရောက်မှု အားနည်းနိုင်ပါတယ်။  ဒါကြောင့် ပြည်သူများကပါ တတ်နိုင်တဲ့ဘက်က နေ အတူတကွ ပူးပေါင်းပါဝင်မှသာ ကပ်ရောဂါဆိုးကြီးဘေးက လျင်မြန် စွာ ကျော်လွှားနိုင်မှာပဲ ဖြစ်ပါတယ်။
မြို့နယ်အတွင်းမှာလည်း ပိုးတွေ့ အတည်ပြုလူနာကို ကုသရာပေးရာမှာ ဆေးဝါးကုသရန် လိုအပ်တဲ့လူနာတွေ ကို ဆေးရုံကြီးရှိ သီးသန့်ဆောင်တွေမှာ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်း များက အဖွဲ့လိုက်(အုပ်စုလိုက်) အင်အားခွဲ၍ တတ်စွမ်းသလောက် ကုသပေးနေပြီး ဆေးကုသရန် မလို အပ်သော ပိုးတွေ့အတည်ပြုလူနာများ ကို ပိုးတွေ့သူများထားရှိရာ သက်ဆိုင် ရာ Treatment Center တွေနဲ့ Quarantine  ချထားဆောင်ရွက်နေ ကြောင်းလည်း သိရပါတယ်။
ဒေသခံ ပရဟိတအသင်းအဖွဲ့ အစည်းများဟာလည်း ပိုးတွေ့အတည် ပြုလူနာ ခေါ်ဆောင်တာ၊ ပြန့်ပို့တာနဲ့ ပိုးတွေ့အတည်ပြုလူနာ သေဆုံးလို့ သင်္ဂြိုဟ်တာ စတာတွေလုပ်ဆောင် ရတာဟာလည်း ကာကွယ်ရေးသုံး ပစ္စည်းဖိုးနဲ့ မော်တော်ယာဉ် စက်သုံး ဆီဖိုး စတဲ့ကုန်ကျစရိတ်အတွက် များပြားလွန်းလှတာကြောင့် မိမိတို့ တတ်နိုင်တဲ့ဘက်မှ ပရဟိတအသင်း များ ရေရှည်တည်တံ့ဆောင်ရွက်နိုင်ရေး အတွက် ပါဝင်ကူညီဆောင်ရွက်ပေး စေလိုကြောင်း တိုက်တွန်းပြောဆိုပါ ရစေ။
ဒါကြောင့် ဈေးရောင်း/ဈေးဝယ်သူ တွေရော မိဘပြည်သူများက စည်း ကမ်းလိုက်နာမှု အားနည်းနေသရွေ့ ရောဂါကူးစက်ပျံ့နှံ့နိုင်ပြီးတော့ ရောဂါ ပိုးဟာ ဘယ်မှာရှိတယ်၊ ဘယ်သူ့ဆီမှာ ရှိတယ်ဆိုတာ ပြောလို့ ခန့်မှန်းလို့မရ နိုင်တဲ့အချိန်၊ မိုးတွင်းကာလ ရာသီ တုပ်ကွေးကလည်း ဖြစ်ပေါ်နေချိန်ဖြစ် တာကြောင့် ကိုဗစ်စည်းကမ်းများကို တတ်နိုင်သရွေ့ အားထည့်ပြီး မိမိအသိ စိတ်ဓာတ်ဖြင့် လူတစ်ဦးတစ်ယောက် တိုင်းက ကြိုတင်ကာကွယ်နိုင်မှသာ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း လျော့နည်း မှာ ဖြစ်ပါတယ်။ ကိုယ့်ကြောင့် မိမိရဲ့ မိသားစု၊ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း၊ ဒုက္ခမရောက်ရလေအောင် စည်းကမ်း လိုက်နာကြပါစို့လို့ တိုက်တွန်းရေးသား လိုက်ရပါသည်။
စည်းကမ်းလိုက်နာမှုရှိမှ ကိုဗစ် ကပ်ရောဂါဆိုးကြီး ဘေးအန္တရာယ်မှ ကင်းဝေးမည်ဖြစ်ပေသည်။ Covid-19 ရောဂါဆိုးကြီးဘေးမှ ကင်းဝေးကြပါ စေ။    ။

မောင်မောင်(မင်းဘူး)






အခြားဆက်စပ်သတင်းများ