နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဝန်ဒေါစကီးဆီ ပစ်မှတ်ပြောင်းလာတဲ့ မန်စီးတီး

ဇူလိုင်  ၁၇
ဗြိတိန်သတင်းစာ Daily Mail က မန်စီးတီးတို့ဟာ စပါးတိုက်စစ်မှူး ဟယ် ရီကိန်းအတွက် ပေါင် သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှုပယ်ချခံခဲ့ရတဲ့နောက် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန် ဒေါစကီးကို ပစ်မှတ်အဖြစ်ထားလာ တယ်လို့ ဖေါ်ပြပါတယ်။
လီဝန်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်နေပါသေးတယ်။ ဘိုင်ယန်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်း ကျော်ရနေပေမယ့် အခုထိ စာချုပ်သက် တမ်းမတိုးရသေးပါဘူး။ မန်စီးတီးက ဟယ်ရီကိန်းကို ဦးစားပေး ပစ်မှတ် ထားခဲ့ပြီး ကမ်းလှမ်းခဲ့ပေမယ့် စပါး ဥက္ကဌ ဒန်နီရယ်လီဗိုင်းက ပယ်ချခဲ့ပါ တယ်။
 ဒါကြောင့် နည်းပြဂွါဒီယိုလာဟာ တပည့်ဟောင်း လီဝန်ဒေါစကီးဘက် ခြေဦးလှည့်လာတာလို့ Daily Mail က ရေးသားထားပါတယ်။ အသက် ၃၂ နှစ် အရွယ်တိုက်စစ်မှူးဟာ ၂၀၁၄ ကနေ ၂၀၁၆ အထိ ဘိုင်ယန်ကိုတာဝန်ယူခဲ့တဲ့ ဂွါဒီယိုလာလက်အောက်မှာ ကစားခဲ့ဖူး ပြီး  ဘွန်ဒက်စ်လီဂါ  ဖလား၂  ကြိမ်၊ ဂျာမန်ဖလားတစ်ကြိမ်ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်အတွက် ၄၁ ဂိုးသွင်းပေးခဲ့သလို အသင်းရဲ့ ထာဝရဂိုးသွင်းရှင်ဖြစ်နေတဲ့ ပိုလန်သား ကို လိုချင်နေတဲ့   တစ်ခြား  ဥရောပ အသင်းကြီးတွေလည်း ရှိနေတာကြောင့် ဘိုင်ယန်အနေနဲ့ စိုးရိမ်နေရတယ်လို့ မီဒီယာတွေက ဆိုပါတယ်။
ဒါ့အပြင် လစ်ပ်ဇစ်မှာသမားရိုးကျဗဟိုတိုက်စစ်မှူးမပါတဲ့ ကစားကွက်ကို မကြာခဏသုံးတတ်တဲ့ နည်းပြသစ် နာဂယ်စ်မန်းကြောင့်လည်း လီဝန်ဒေါ စကီးရဲ့အခန်းကဏ္ဍဟာ စဉ်းစားစရာ ဖြစ်နေရပါတယ်။
(SO)






အခြားဆက်စပ်သတင်းများ