နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆောက်သမ်တန်ကနေ ထွက်ခွာလာခဲ့တဲ့ ဘာထရန်ကို လက်စတာ အလွတ်နဲ့ ခေါ်ယူ

ဇူလိုင်  ၁၇

  အသက် ၃၂ နှစ်ပြည့်တော့မယ့် အင်္ဂလန်သား ရိုင်ယန်ဘာထရန်ဟာ ဆောက်သမ်တန်နဲ့ စာချုပ်သက်တမ်း ကုန်ခဲ့ပြီးနောက် လက်စတာအသင်းက ခေါ်ယူနိုင်ခဲ့တာပါ။
 ရိုင်ယန် ဘာထရန်ဟာ လက်စတာ အသင်းရဲ့ နွေရာသီ တတိယမြောက် ခေါ်ယူမှုအဖြစ် ၂နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြ ဘရန်ဒန်ရော်ဂျာစ် ဟာ တောင်ပံကစားသမား လုခ်သော မက်စ်နဲ့ ယှဉ်ပြိုင်ဖို့ အတွေ့အကြုံရှိ ကစားသမားတစ်ဦး လိုအပ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ ပြင်းထန်တဲ့ ဒူး ဒဏ်ရာရရှိထားခဲ့တဲ့ ဂျိမ်းစ် ဂျက်စတင် ဟာ ဒဏ်ရာကနေ သက်သာကာစပဲ ရှိသေးပြီး ခရစ္စတီယန်ဖုချ်ကလည်း ရာသီကုန်ကတည်းက အသင်းက ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

လက်စတာနဲ့ စာချုပ် ချုပ်ပြီးနောက် ဘာထရန်က "ကျွန်တော် ဒီကိုလာရောက်  ပူးပေါင်းခွင့်ရတဲ့အတွက် တကယ်ဝမ်း သာပါတယ်။ လက်စတာက ကျွန် တော့် ရင်ထဲကရည်မှန်းချက်ကို ဖြည့် စည်းပေးနိုင်ပါတယ်။ လက်စတာက ဒီနှစ်တွေအတွင်း အကောင်းဆုံးတစ် ခု ဖန်တီးနေပါတယ်။ ဒီလို အသင်း ကောင်းမှာရှိခွင့်ရတာ တကယ်မိုက်ပြီး ပရိသတ်တွေ ဂုဏ်ယူရအောင် အစွမ်း ကုန်ပေးဆပ်သွားမှာပါ"လို့ ပြောခဲ့ပါ တယ်။ လက်စတာအသင်းဟာ နွေရာသီ အတွင်း ဆိုမာရေး၊ ဒါကာတို့ကို ခေါ်ယူ ထားခဲ့ပြီး ဖြစ်ပါတယ်။
(SO)






အခြားဆက်စပ်သတင်းများ