နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၂-၂၃ ရာသီမှာ အစိမ်းရောင်ဂျာစီမဝတ်ရဆိုတဲ့စီးရီးအေရဲ့စည်းမျဉ်းအသစ်ထုတ်ပြန်

ဇူလိုင်  ၁၇

၂၀၂၂-၂၃ ရာသီကစပြီး စီးရီးအေ ကလပ်တွေဟာ အဓိကဝတ်စုံကိုအစိမ်း ရောင်မထားရဆိုတဲ့ စည်းမျဉ်းအပြောင်း အလဲကို လိုက်နာရတော့မှာ ဖြစ်ပါ တယ်။
လာမယ့်နှစ်မှာ စတင်ပြောင်းလဲမယ့် စည်းမျဉ်းသစ်ကြောင့် စီးရီးအေ အသင်း တွေအနေနဲ့ နှစ်တိုင်း ရွေးချယ်စရာ ဂျာစီတွေထဲက အရောင်တစ်ခုလျော့ သွားခဲ့ပြီ  ဖြစ်ပါတယ်။  Football Italiaရဲ့ အဆိုအရ အစိမ်းရောင်ဂျာစီ ဝတ်ဆင်တဲ့ အသင်းတွေဟာ ကွင်း အရောင်နဲ့တူညီနေပြီး ကြည့်ရှုသူတွေ ကို အထင်မှားစေနိုင်သလို color blind သမားတွေ အတွက်လည်း အခက်အခဲ ရှိနိုင်တယ်လို့ တီဗီကုမ္ပဏီတွေရဲ့ တင်ပြ မှုကြောင့် ယခုလို ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ အပြောင်းအလဲက စီးရီး အေကလပ်အများစုအတွက် အဓိက ပြဿနာမဟုတ်ပေမဲ့ ဆက်ဆူအိုလိုက တော့အိမ်ကွင်းဂျာစီက အစိမ်းရောင် ဖြစ်နေတဲ့အတွက် အရောင်ကိုပြန်စဉ်း စားရတော့မှာဖြစ်ပါတယ်။ ဆက်ဆူ အိုလိုရဲ့ အိမ်ကွင်းဂျာစီဟာ အစိမ်းနဲ့ အမဲလှပစွာစီချယ်ထားတာကြောင့် ယခု စည်းမျဉ်းဟာ သူတို့အပေါ်ဘယ်လောက် အထိသက်ရောက်မယ်ဆိုတာ မသေ ချာသေးပါဘူး။
ယမန်နှစ်ရာသီ  အစိမ်းရောင် ဂျာစီဝတ်ဆင်ခဲ့တာ ဆက်ဆူအိုလို တစ်သင်းတည်း မဟုတ်ဘဲ အတ္တလန္တာ နဲ့ လာဇီယိုအသင်းတွေလည်း အဝေး ကွင်းဝတ်စုံအဖြစ်  ဝတ်ဆင်ခဲ့ကြပါသေး တယ်။                                    
(SO)






အခြားဆက်စပ်သတင်းများ