နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီကြို ပထမဆုံး ခြေစွမ်းပွဲမှာ အနိုင်ရလို့မျက်နှာပန်းလှခဲ့တဲ့ မော်ရင်ဟိုရဲ့ ရိုးမား

ဇူလိုင်  ၁၇

 ဧပြီလက တော့တင်ဟမ်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ဟိုဟာ စိန် ခေါ်မှုသစ်အဖြစ်  ရိုးမားအသင်းကို ကိုင်တွယ်ခွင့်ရခဲ့တာဖြစ်ပါတယ်။ မော် ရင်ဟို ရဲ့ ရိုးမားအသင်းဟာ Montecatini အသင်းကို ၁၀ ဂိုးပြတ် အနိုင်ယူကာ ရာသီကြို  ပထမဆုံးခြေစမ်းပွဲစဉ်မှာ မျက်နှာပန်းလှခဲ့ပါတယ်။
မော်ရင်ဟိုဟာ အီတလီမှာ အင်တာ မီလန်နဲ့အတူ ၂၀၁၀ က ဖလား ၃ လုံး ချန်ပီယံဖြစ်ဖူးတဲ့ အမှတ်တရကောင်း တွေ ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ရိုးမားအသင်း ဟာဒေသခံအသင်း သေးလေးဖြစ်တဲ့ Montecatiniကိုတော့ ရိုးမားတို့ ၁၀ ဂိုး ပြတ်ထိသွင်းယူပြခဲ့ပါတယ်။

ပရိသတ်မပါတဲ့ ပွဲစဉ်မှာ မာရိုရယ်ရဲ့ ဟက်ထရစ်၊ ဇာနီအိုလို၊ ကားလက်စ် ပီရက်ဇ်၊ မန်စီနီ၊ ကယ်လာဖီအိုရီ၊ ဇလောစကီး၊ ဒီရာဝါရာတို့နဲ့အတူ OG ဂိုး ၁ ဂိုးပါ လက်ဆောင်ရရှိခဲ့ပါသေးတယ်။
ရိုးမားဟာလာမယ့် ခြေစမ်းပွဲအဖြစ် တာနာနာအသင်းနဲ့  ကစားမှာဖြစ်ပြီး အဆိုပါပွဲကိုတော့ ပရိသတ်တွေအ နေနဲ့ တီဗီကနေအားပေး ကြည့်ရှုနိုင်မှာဖြစ်ပါ တယ်။ မော်ရင်ဟိုဟာရိုးမားနည်းပြဘ၀ ပထမဆုံခေါ်ယူမှုအဖြစ် ဝုဗ်ဂိုးသမား ပက်ထရီစီယိုကို ပေါင် ၉ ဒသမ ၈သန်းနဲ့ ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။
(SO)






အခြားဆက်စပ်သတင်းများ