နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြ အာတီတာကို အသင်းမှ နုတ်ထွက်ပေးရန်အာဆင်နယ်ပရိသတ်များ တောင်းဆို

ဇူလိုင်  ၁၆


အာဆင်နယ်အသင်းသည် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမတိုင်မီ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ်ကစား ခဲ့သည့် စကော့တလန်ကလပ် ဟိုက်ဘာနီယန်အသင်းနှင့် ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းပရိသတ် များက နည်းပြ အာတီတာကို အသင်းမှနုတ်ထွက်ပေးရန်  တောင်းဆိုခဲ့ကြ ကြောင်း သိရသည်။


အာဆင်နယ်အသင်းသည် ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် စကော့တလန်ကလပ် ဟိုက်ဘာနီယန်အသင်း နှင့် ကစားခဲ့ရာ နှစ်ဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းပရိသတ်များက စိတ်ပျက်ခဲ့ကြသကဲ့သို့ အသင်း၏ ကစားကွက်နှင့် နည်းစနစ်ပိုင်းများမှာလည်း တိုးတက်လာခြင်းမရှိသည့်အတွက် နည်းပြ အာတီတာကို အသင်းမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။


အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲ အမှတ်ပေးဇယား အဆင့် ၈ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည့်အတွက် ဥရောပပြိုင်ပွဲများ ဝင်ခွင့်နှင့် လွဲချော်ခဲ့ရသောကြောင့် ဝေဖန်မှုများဖြင့် ကြုံတွေ့ခဲ့ရသကဲ့သို့ ယခုခြေစမ်းပွဲစဉ်တွင်လည်း ရှုံးနိမ့်ခဲ့သည့်အတွက် အသင်းပရိသတ် များက နည်းပြ အာတီတာကို စိတ်ဆိုးဒေါသထွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။               (သူရိန်)






အခြားဆက်စပ်သတင်းများ