နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြာရောင်ပရိသတ်တွေ အတွက်ပြန်လည်နိုးထလာသူ လူငယ်ကြယ်ပွင့်တစ်ဦး

ဇူလိုင်  ၁၆


လွန်ခဲ့တဲ့ (၄) နှစ်က ကာရာဘောင်ဖလား ပြိုင်ပွဲ(ယခုလိဂ်ဖလား) နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ ချဲဆီးလ်အသင်းကြီးအတွက် သူ့ရဲ့ပထမ ဆုံး သွင်းဂိုးသွင်းယူနိုင်ပြီး ပျော်ရွှင်စွာ ငိုကြွေးခဲ့တဲ့ လူငယ်ကြယ်ပွင့်လေး။ စကေးကောင်းသလောက် အကောင်သေးသူမို့ ဒဏ်ရာတွေနဲ့ ကစားသမားဘဝ တိမ်မြုပ်သွားခဲ့ရသေးတယ်။

ရီးယဲလ်ဘက်တစ်၊ ဆဲလ်တစ်၊ ဗီတက်ဆီတို့မှာ အငှားထွက်ကစားရတော့လည်း ဒူးအရွတ်ဒဏ် ရာကြောင့် ထွန်းတောက်သင့်သလောက်မထွန်းတောက်ခဲ့ပါဘူး။ ကစားရတာထက် နားနေရတာ ပိုများခဲ့ပါတယ်။ ဒီကစားသမားလေးဟာ ကိုယ် ယောင်ပြ လှည့်ထွက်တာတွေကောင်းတယ်၊ ခြေ အနုတ်အသိမ်း မြန်တယ်၊ ဘယ်ဂျီယံနိုင်ငံသားဖြစ် တယ်။ 


အီဒင်၊ ရော်နယ်ဒိုတို့ကို ဆရာတင်ထားတဲ့ ချာလီမူဆွန်ဒါပါ။ အခု ချဲလ်ဆီးနည်းပြ သောမတ်စ် တူချယ်ရဲ့ ရာသီကြို ထရိန်နင်အစီအစဉ်မှာ မူဆွန်ဒါ ကို ပြန်လည်တွေ့မြင်လိုက်ရတဲ့အခိုက် ချဲလ်ဆီးဖန် တွေရဲ့မျှော်လင့်ချက် မူဆွန်ဒါလေး ဒဏ်ရာက ပြန် သက်သာချိန် ရာသီကြိုခြေစမ်းပွဲတွေမှာ အစွမ်းပြပြီးတူချယ်ရဲ့ယုံကြည်မှုကိုဖမ်းဆုပ်နိုင်သွားမလားဆိုတာစောင့်ကြည့်ရတော့မှာပါ။                  (SO)






အခြားဆက်စပ်သတင်းများ