နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာမှာပဲ ဆက်ခိုအောင်းနေဦးမယ့် လီယွန်နယ်မက်ဆီ

ဇူလိုင်  ၁၆


မက်ဆီဟာ လက်ရှိလစာရဲ့တစ်ဝက် လျော့ယူပြီး ဘာစီလိုနာနှင့် ၅ နှစ် သက် တမ်းရှိစာချုပ်ချုပ်ဆိုဖို့အတွက် သဘော တူညီလိုက်ပြီဖြစ်ပါတယ်။ 


အဲ့ဒီစာချုပ်ကြောင့် မက်ဆီဟာ နူးကမ့်မှာ အသက် ၃၉ နှစ် အရွယ်အထိ ရှိသွားမှာဖြစ်ပြီး သူ့အားစာချုပ်သက် တမ်းမတိုးမီ လာလီဂါ ဥက္ကဌထံမှ ငွေ ကြေး သုံးစွဲမှုလျော့ချဖို့ သတိပေးခြင်းခံ ထားရတဲ့အသင်းအတွက်   လစာတစ်ဝက် လျော့ယူပြီးကူညီပေးခဲ့တာလည်း ဖြစ်ပါ တယ်။ 


ဇွန်လ ၃၀ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးခဲ့တဲ့ မက်ဆီရဲ့ အရင်စာချုပ်ဟာ ၄ နှစ်အတွင်း ပေါင် ၄၂၅ သန်း အထက်ပို များခဲ့ပါတယ်။ 


ပြီးခဲ့တဲ့နွေရာသီမှာ မက်ဆီက အသင်းကနေ ထွက်ခွာဖို့ကြိုးစားခဲ့ပြီး နောက် ဥက္ကဌအသစ်ဖြစ်လာတဲ့ လာပေါ် တာဟာ အသင်းခေါင်ဆောင်ကို နူးကမ့် မှာဆက်ရှိနေဖို့ စည်းရုံးနိုင်ခဲ့တာပါ။ 


ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ Free Agent ဖြစ်ခဲ့ပြီး ပီအက်စ်ဂျီ၊ မန်စီးတီးမှ စိတ်ဝင်စားခြင်းရှိခဲ့သော်လည်း မက်ဆီ ဟာ အဲ့ဒီအသင်းတွေနဲ့ ဆွေးနွေးခဲ့ခြင်း မရှိခဲ့ပါဘူး။  အသက် ၃၄ နှစ်အရွယ် ကစားသမားဟာ ၂၀၀၀ ပြည့်နှစ်က တည်းက ဘာစီလိုနာ အကယ်ဒမီမှာ ရှိခဲ့တာဖြစ်ပြီး အသင်းအတွက် ၇၇၈ ပွဲ ကစားကာ ၆၇၂ ဂိုးသွင်းယူပေးထားနိုင် တာဖြစ်ပါတယ်။


လာလီဂါရဲ့ ဘဏ္ဍာရေးမျှတစည်း မျဉ်းနှင့်ကိုက်ညီဖို့အတွက် ဘာစီလိုနာ ဟာ အသင်းရဲ့အသုံးစရိတ်ကို ဆက် လက်လျော့ချနေတာဖြစ်ပါတယ်။ သူတို့ အသင်းဟာ အဂူရို၊ ဒီပေး၊ ဂါစီယာ တို့ကို ခေါ်ယူနိုင်ခဲ့သော်လည်း အသင်းရဲ့ ကြွေး မြီက ပေါင် ၁ ဘီလီယံနီးပါး ရှိနေပါ တယ်။                                        (SO)






အခြားဆက်စပ်သတင်းများ