နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချက်တိုက်စစ်မှူး ပါထရစ်ရှက်ခ်ရဲ့ အံ့ဩဘွယ်ဂိုးက ယူရိုအကောင်းဆုံးဂိုးဆု ဆွတ်ခူး

ဇူလိုင်  ၁၆


ချက်တိုက်စစ်မှူး ပါထရစ်ရှက်ခ်ရဲ့စကော့တလန်နှင့်ပွဲစဉ်တွင် သွင်းယူခဲ့တဲ့ အံ့ဩဖွယ်သွင်းဂိုးမှာ ယူရို ၂၀၂၀ ပြိုင်ပွဲ ရဲ့ အကောင်းဆုံးဂိုးဆုကို ဆွတ်ခူးသွားခဲ့ ပါတယ်။


ချက်တိုက်စစ်မှူးဟာ  စကော့တ လန်နှင့် ကစားရတဲ့  အုပ်စုပွဲစဉ်တွင် ကွင်းလယ်တစ်ဝက်လောက်ကနေ သွင်း ယူခဲ့တာပါ။  

ချက်ကစကော့တလန်ကို ၁-၀ ဂိုး ဖြင့် ဦးဆောင်နေတဲ့အချိန်မှာ လေဗာကူ ဆင်တိုက်စစ်မှူးဟာ ကိုက် ၅၀ အကွာ ကနေ သွင်းယူခဲ့တာပါ။


သူဟာစကော့တလန်ရဲ့ တိုက်စစ် ဆင်ရင်း ဂိုးပေါက်သို့ကန်တဲ့ဘောလုံး ပြန်အံထွက်လာမှုကနေ ရှေ့တက်နေတဲ့ စကော့တလန်ဂိုးသမား မာရှဲလ်ကို ကျော် ကာ ကွင်းလယ်တစ်ဝက်မှမနားတမ်း ကန်သွင်းခဲ့တာပါ။


ပါထရစ်ရှက်ခ်ဟာ ဆွစ်ဇာလန်နှင့်ပွဲ စဉ်မှ ပေါလ်ပေါ့ဘာရဲ့ ဂိုး၊ စကော့တလန် နှင့်ပွဲစဉ်မှ လူကာမိုဒရစ်ရဲ့ ဂိုးတို့ကိုကျော် ဖြတ်ကာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အကောင်း ဆုံးဂိုးဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ