မြဝတီ၊ ဇူလိုင် ၁၆
ဇွန် ၂၆ ရက်၊ နေ့လယ်ပိုင်းတွင် ကရင် ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဇော်ဂျီလမ်းသွယ်၊ ၁ လမ်း၌ ဖောက်ခွဲရေး ပြုလုပ်သူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီး ခဲ့ရာ ကောင်းမြတ်သူ(၃၅)နှစ်၊ ရွှေစိုး(၃၂)နှစ်၊ ရန်လင်းအောင်(၂၄)နှစ်၊ နန္ဒာစိုး(၃၁)နှစ်၊ နှင်းရီရီလွင်(၂၄)နှစ်နှင့် နှင်းနုထား(၃၂)နှစ်တို့ ၆ ဦးကို GLOCK အမျိုးအစား ၉ မမ ပစ္စတိုတစ် လက်၊ ၎င်းကျည် ၁၉ တောင့်၊ ပွိုင့်-၂၂ ကျည် ၄၂ တောင့်၊ ယမ်းကြိုး ၈၀ ချောင်း၊ Drone ၂ စင်း၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် တရားခံ ဟိန်းထက်(ခ) ကြုတ်ကြုတ်(၂၈)နှစ် ကို ဇွန် ၂၈ ရက်တွင် မြဝတီမြို့၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ကောင်းမြတ်သူကို စစ်ဆေးမေးမြန်းချက်အရ ယင်းသည် ဗုံးများအား ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲရာတွင် အသုံးပြုသည့် Switch ခလုတ်များကို ရန်လင်းအောင်၊ နန္ဒာစိုး တို့နှင့်အတူ စမ်းသပ်တီထွင် ပြုလုပ်နေသူတစ်ဦး ဖြစ်ပြီး Switch ခလုတ်များအတွက် လိုအပ်သော ပစ္စည်းများအား ဖောက်ခွဲရေး လုပ်ငန်းများအတွက် အားပေးထောက်ခံသူ စောမြဦး (မဲဆောက်)နှင့် ချိတ်ဆက်မှာယူ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပေါက်ကွဲစေတတ်သော ဗုံးသီး များ သယ်ဆောင်နိုင်သည့် Drone များကို ရန်လင်းအောင်၊ နန္ဒာစိုးတို့နှင့်အတူ စမ်းသပ် တီထွင်မှုများပြုလုပ်ခဲ့ပြီး အောင်မြင်မှုမရှိ သေးကြောင်းနှင့် လိုအပ်သောပစ္စည်းများအား ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော စည်သူဝင်းထံမှ ချိတ်ဆက်မှာယူ၍ လိုအပ်သောငွေကြေးများကို ဆွီဒင်နိုင်ငံသို့ရောက်ရှိနေသော ကိုမျိုးမှထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြား အောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင် ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် လုပ်ဆောင်မည့် တရားခံ ၇ ဦးကို ပစ္စတိုသေနတ် တစ်လက်၊ ၉ မမကျည် ၁၉ တောင့်၊ ပွိုင့်-၂၂ ကျည် ၄၂ တောင့်၊ ယမ်းကြိုး ၈၀ ချောင်း၊ Drone ၂ စင်း၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသည်။ ဆွေဦး