နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
NLD ပါတီမှ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း အောင်ကျော်ကျော်ဦးခေါင်းဆောင်သည့် လှိုင်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်အုပ်စုများကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊  ဇူလိုင် ၁၆


ဇူလိုင် ၁၀ ရက် နံနက်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အိုးအိမ်မှတ်တိုင်အနီး၌ လှိုင်မြို့နယ်၊ NLD ပါတီ လူငယ်အဖွဲ့ဝင်နှင့် လှိုင်မြို့နယ် PDF အဖွဲ့ဝင် ထက်အောင်မင်း ၃၉ နှစ် (ဘ) ဦးဘစိန်၊ လှိုင် မြို့နယ်၊ (၁၆)ရပ်ကွက်၊ မာလာမြိုင် ၄ လမ်း၊ အမှတ်(၅၃)နေသူကို ဖမ်းဆီးရမိခဲ့သည်။ တရားခံ ထက်အောင်မင်း၏ ထွက်ဆိုချက်အရ NLD ပါတီ၏ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း အောင်ကျော်ကျော်ဦးမှ ပစ္စတိုကျည်အိမ်နှင့် ကျည်ဆံများဝယ်ယူရန် စေခိုင်းခဲ့ကြောင်း ဖော် ထုတ်ရရှိသဖြင့် ကွင်းဆက်တရားခံအား ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၀ ရက်၊ ၊နေ့လယ် တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆) ရပ်ကွက်၊ သဇင်မြိုင်လမ်း၊ အိမ်အမှတ် (၇၉၆)၌ အောင်ကျော်ကျော်ဦး၊ ၄၆ နှစ် (ဘ)ဦးထွန်းရွှေ နှင့် ယင်း၏ ဇနီး ခင်မိုးမြင့်လှိုင် ၃၈ နှစ်၊ (ဘ)ဦးစန်းလှိုင်တို့ကို Retay X Treme ၉ မမ ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ကျည် ၂၅ တောင့်၊ မောင်ဝင်းကျော်အမည်ဖြင့် ပြုလုပ်ထား သော မှတ်ပုံတင်အတုတစ်ခုအပါအဝင် လက်နက် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


တရားခံ အောင်ကျော်ကျော်ဦးနှင့် ထက်အောင်မင်းတို့၏ ထွက်ဆိုချက်အရ ဇူလိုင် ၁၀ ရက်၊ နေ့လယ်တွင် ဒါရိုက်တာ ဏကြီး(ခ)ဉာဏတင်ဦး ပိုင်ဆိုင်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ပင်လုံလမ်း၊ ရွှေကြာယံအိမ်ရာရှိ Pinlel Film Production Studio အား သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ Studio မန်နေဂျာ စိုးအုပ်ပိုင်(ခ)ဆံရှည်၊ ၄၀ နှစ် (ဘ)ဦးမြတ်သူ၊ ဖြိုးအောင်ကျော် ၃၁ နှစ် (ဘ)ဦးတောက်ထိန်၊ အောင်ပိုင်ဖြိုး ၂၅ နှစ် (ဘ)ဦးဆန်းထွန်း၊ စည်သူကျော် ၂၆ နှစ် (ဘ)ဦးကျော်မိုးခိုင်၊ လင်းထက်အောင် ၂၁ နှစ် (ဘ)ဦးမောင်မောင်စိန်တို့အား ပွိုင့်-၂၂ သေနတ် တစ်လက်၊ နှစ်လုံးပြူးသေနတ်တစ်လက်၊ ခဲသီး ဖြင့်ပစ်ရသော သေနတ်တစ်လက်အပါအဝင် လက်နက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။


ထို့ပြင် ဇူလိုင် ၁၀ ရက်၊ နေ့လယ်တွင် ကွင်းဆက်တရားခံဖြစ်သည့် မျိုးကျော်သူ(ခ) ကိုမျိုး ၃၃ နှစ် (ဘ) ဦးချစ်ထွေး၊ မင်္ဂလာဒုံမြို့နယ်၊ (၂/၁) တိုးချဲ့ရပ်ကွက်၊ နီလာလမ်း၊ အမှတ် (၂၇၄) နေသူကို မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ပြည်လမ်း၊ IT စားသောက်ဆိုင်ရှေ့တွင် ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး မျိုးကျော်သူ(ခ) ကိုမျိုး၏ ထွက်ဆိုချက်အရ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေ ကျေးရွာအုပ်စု၊ နွယ်ခွေကျေးရွာ၊ အမှတ်(၃)ဆက်သွယ်လမ်း၊ ခြံအမှတ်(၂၁)ရှိ Princess KTV နှင့် The King Beauty Spa သို့ သွားရောက် စစ်ဆေး ရှာဖွေခဲ့ရာ Princess KTV နှင့် The King Beauty Spa ပိုင်ရှင် ထွန်းသက်ဦး ၅၁ နှစ် (ဘ)ဦးကျော်မြင့်၊ တင်ထွန်းဦး ၃၀ နှစ် (ဘ)ဦးအေးသိန်း၊ အောင်ထက်ပိုင် ၂၅ နှစ် (ဘ)ဦးဝင်းနိုင်၊  ချစ်လင်းနိုင်  ၂၄ နှစ် (ဘ)ဦးစန်းအောင်၊ နေနေအောင် ၂၆ နှစ် (ဘ) ဦးစစ်မောင်၊ အောင်ကိုဦး ၃၃ နှစ် (ဘ)ဦးလှမိုးတို့ကို လက်လုပ်မိုင်း ၁၀ လုံး၊ NLD ပါတီအလံ ၂ ခု၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် အမိုနီယမ်နိုက်ထရိတ် ၂ ဒသမ ၄ ကီလိုဂရမ် အပါအဝင် လက်လုပ်မိုင်း ဆက်စပ် ပစ္စည်းများနှင့်အတူ ထပ်မံရှာဖွေတွေ့ရှိ ဖမ်းဆီး ရမိခဲ့သည်။


အထက်ပါ Princess KTV နှင့် The King Beauty Spa ၌ လက်လုပ်မိုင်းအပါအဝင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ သည့် တရားခံများအနက် အောင်ထက်ပိုင်နှင့် ချစ်လင်းနိုင်တို့သည် ဇူလိုင် ၉ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ (၁/က) ရပ်ကွက်၊ ခရေပင်လမ်းရှိ မင်္ဂလာဒုံ လျှပ်စစ်ဓာတ်အားပေးရေးရုံးအား လက်လုပ်မိုင်းနှင့် ပစ်ခတ်ဖောက်ခွဲခဲ့သူများဖြစ်ကြောင်း သိရှိရသည်။


တရားခံ ထွန်းသက်ဦး၏ ထွက်ဆိုချက်အရ ၎င်းပိုင်ဆိုင်သည့် မှော်ဘီမြို့နယ်၊ ဘွတ်ကြီး ကျေးရွာအုပ်စု၊ ရဲစုမြောက်ရပ်ကွက်၊ အောင် ရတနာလမ်းရှိ ဂိုဒေါင်သို့ သွားရောက် စစ်ဆေး ရှာဖွေခဲ့ရာ M-16 သေနတ်တစ်လက်၊ Pen Gun ၆ လက်၊ Shot Gun အတိုတစ်လက်၊ MG-1 အမျိုးအစား လက်ပစ်ဗုံး ၃ လုံး၊ 94 အမျိုးအစား လက်ပစ်ဗုံးတစ်လုံး၊ ကျည်မျိုးစုံ ၆၉၂ တောင့်အပါအဝင် လက်နက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းများကို ထပ်မံရှာဖွေတွေ့ရှိဖမ်းဆီး ရမိခဲ့သည်။


တရားခံ ထက်အောင်မင်း၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၂ ရက်၊ နေ့လယ်တွင် သာကေတမြို့နယ်၊ အနော်မာရပ်ကွက်၊ အနော်မာ (၁၃)လမ်းအနောက်၊ အမှတ်(၅၃၇)၊ (၄)လွှာတွင် နေထိုင်သော ခိုင်ဇာတင်ဦး(ခ) ခိုင်ဇင်ဦး၊ အသက်(၃၆)နှစ်အား ပွိုင့်-45 ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ပွိုင့် ၃၈၀ ကျည်ဆံ ၅၅ တောင့်၊ ချိန်ကိုက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။


တရားခံ အောင်ကျော်ကျော်ဦး ခေါင်းဆောင် ၍ ဖွဲ့စည်းခဲ့သော လှိုင်မြို့နယ်၊ PDF အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဇွန်နှင့် ဇူလိုင်အတွင်း လှိုင်မြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး၏ ဆိုင်ကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲမှု၊ လှိုင်မြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်၊  အုပ်ချုပ်ရေးမှူး နေအိမ်ကို လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲမှု၊ လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ် တစ်လုံးကို လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲ မှု၊ လှိုင်မြို့နယ်၊ ဘူတာရုံလမ်းထိပ်တွင် ဖောက်ခွဲမှု၊ လှိုင်မြို့နယ်၊ လျှပ်စစ်ရုံးကို လက်လုပ်မိုင်းဖြင့်ဖောက်ခွဲမှု၊ လှိုင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ ပြည်သူတစ်ဦး၏ နေအိမ်အား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲမှု စသည့်အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှု (၆)ကြိမ်အား ကျူးလွန်ခဲ့ကြောင်း စိစစ်‌တွေ့ရှိရသည်။ ထို့အပြင် လှိုင်မြို့နယ်၊ အမှတ် (၁၃)ရပ်ကွက်၊ (၁၀)လမ်းထိပ်ရှိ အာရုဏ်ဦးလက်ဖက်ရည်ဆိုင် ပိုင်ရှင်ကိုလည်း ဒလန်အဖြစ်စွပ်စွဲကာ လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


အလားတူ တရားခံ ထွန်းသက်ဦး ဦးဆောင်ပါဝင်ခဲ့သော မင်္ဂလာဒုံမြို့နယ်၊ PDF အဖွဲ့သည်လည်း ထောက်ကြန့်မြို့ရှိ အမှတ်(၁၂)အခြေခံပညာအလယ်တန်းကျောင်း (အထကခွဲ)အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲမှု၊ ထောက်ကြန့် တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်ကို လက်လုပ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲမှု၊ မင်္ဂလာဒုံ မြို့နယ်လျှပ်စစ်ရုံးကို လက်လုပ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲမှုစသည့် အကြမ်းဖက်ဖောက်ခွဲ တိုက်ခိုက်မှု ၃ ကြိမ် ကျူးလွန်ခဲ့ကြောင်း စိစစ် တွေ့ရသည်။


အဆိုပါဖြစ်စဉ်တစ်ခုလုံးတွင် M-16 သေနတ် တစ်လက်၊ ၉ မမ ပစ္စတိုတစ်လက်၊ ပွိုင့် ၂၂ တစ်လက်၊ ပွိုင့် 45 ပစ္စတိုတစ်လက်၊ Pen Gun ၆ လက်၊ နှစ်လုံးပြူးတစ်လက်၊ Shot Gun တစ်လက်၊ ခဲသီးသေနတ်တစ်လက် စုစုပေါင်း လက်နက် ၁၃ လက်၊ တရားခံ ၁၆ ဦး၊ ခဲယမ်း၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီး ရမိခဲ့ပါသည်။ ဖမ်းဆီးရမိ NLD ပါတီမှ လှိုင်မြိုနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း အောင်ကျော်ကျော်ဦးသည် ရန်ကုန်တိုင်းဒေသကြီး အတွင်း  အဖျက်လုပ်ငန်းနှင့် လုပ်ကြံ သတ်ဖြတ်ရေး ဦးဆောင်ကော်မတီတစ်ခုဖြစ်သည့် People’s Security Committee-PSC တွင် ခေါင်းဆောင် တစ်ဦးအဖြစ်ပါဝင်ပြီး လှိုင်မြို့နယ်အတွင်း ဗုံး ဖောက်ခွဲမှုနှင့် သတ်ဖြတ်မှုများကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုများကို လည်းကောင်း နောက်ကွယ်မှ အဓိကထောက်ပံ့ စေခိုင်းသူဖြစ်ကြောင်း သိရသည်။     

        ဆွေဦး






အခြားဆက်စပ်သတင်းများ