နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်း ကစားသမား အန်ခီတီရာကို ပဲလေ့စ်အသင်း ကမ်းလှမ်း

 ဇူလိုင် ၁၅


ပဲလေ့စ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရသည့်   ဗီယာရာသည် အာဆင်နယ်အသင်းမှ လူငယ်တိုက်စစ် မှူး အန်ခီတီရာကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်း ခဲ့ကြောင်း သိရသည်။


နည်းပြ ဗီယာရာသည် ပဲလေ့စ် အသင်းနည်းပြသစ်အဖြစ် တာဝန်ယူ ကိုင်တွယ်ခွင့်ရရှိခဲ့ပြီးနောက် လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလ တွင် ပထမဆုံးကစားသမား ခေါ်ယူမှု အဖြစ်  ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရီဒင်းအသင်းမှ အိုလီဆီကို ခေါ်ယူ ခဲ့ပြီး ယခုအခါ ဒုတိယမြောက်ကစားသမား ခေါ်ယူမှုအဖြစ် အန်ခီတီရာကို ခေါ်ယူ ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။


အသက် ၂၂ နှစ်အရွယ်ရှိ အန်ခီတီရာ သည် အာဆင်နယ်အသင်း အကယ်ဒမီ မှပေါ်ထွက်ခဲ့ပြီး လက်ရှိတွင် အသင်း၌ ပွဲထွက်ခွင့်မရရှိသောကြောင့် အသင်းပြောင်းရွှေ့လိုနေခြင်းဖြစ်သည်။


လက်ရှိအချိန်တွင် အန်ခီတီရာ နှင့် အာဆင်နယ်အသင်း၏ စာချုပ်မှာ တစ်နှစ်သာ ကျန်ရှိတော့ပြီး လာမည့် နှစ်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည် ဖြစ်သည့်အတွက် ပဲလေ့စ်အသင်းနှင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖွယ်ရှိကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ